မိုင်းရူပ၊ စက်တင်ဘာ ၂၅ ရက်၊ ကျောက်မဲ

စစ်ကောင်စီတပ်ဟာ ၎င်းတို့ လက်လွှတ်ထားရတဲ့ ကျောက်မဲမြို့ကို ပြန်ရဖို့ စစ်အင်အားတွေ ဖြည့်တင်းကာ အပြင်းအထန် ထိုးစစ်ဆင်နေပြီး လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၅ ရက်အထိ စစ်ကောင်စီတပ်ဟာ နောင်ချို-ကျောက်မဲလမ်းမကြီးပေါ်ရှိ နားအိုက်ခန့်နဲ့ စခန်းသာကျေးရွာကြားမှာ ရောက်ရှိနေပြီး စစ်ကောင်စီနဲ့ တအာင်းတပ်မတော်–TNLA အကြား တိုက်ပွဲ ဆက်ပြင်းထန်နေပါတယ်။

“အခု စစ်ကောင်စီက နောက်တန်းက အင်အားတွေကိုပါ ရှေ့တန်း ပို့လာတယ်။ ဒီနေ့က နားအိုက်ခန့်နဲ့ စခန်းသာရွာကြားမှာ တိုက်ပွဲ ပြင်းထန်နေတယ်။ TNLA လည်း ခံစစ် ပြင်ထားပြီး ခုခံနေတာ” လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားရာ အနီးတစ်ဝိုက်ကို ဂျက်လေယာဉ်နဲ့ Y-12 လေယာဉ် အသုံးပြုပြီး ဗုံးအလုံးရေ ၃၀ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သလို ဒီနေ့ နေ့လည်ပိုင်းမှာလည်း Y-12 လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်နေပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နားအိုက်ခန့်နဲ့ စခန်းသာရွာကြားမှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်နဲ့ ၈ မိုင် ဝန်းကျင်သာ ကွာဝေးတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့နယ်ထဲ စစ်ကောင်စီနဲ့ TNLA အကြား တိုက်ပွဲ ပြင်းထန်နေတာ ၁ လကျော် ကြာရှိနေပြီး TNLA ဘက်ကလည်း ကျောက်မဲမြို့ လက်မလွှတ်ရရေး ဆက်လက် ခုခံနေဆဲဖြစ်ပြီး တိုက်ပွဲဆက်ပြင်းထန်လာမယ့်အခြေအနေလို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျောက်မဲနဲ့ သီပေါမြို့နယ်ကို ရွေးကောက်ပွဲ ကျင်းပမယ့် နယ်မြေထဲ ထည့်သွင်းထားပြီး ရွေးကောက်ပွဲ မတိုင်ခင် အဲဒီမြို့နယ် ၂ ခုကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။