ဓာတ်ပုံ- Google

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၁၉ ရက်၊ တာချီလိတ်

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့မှာရှိတဲ့ KTV နဲ့ ဂိမ်းဆိုင်တွေဆီကနေ စစ်ကောင်စီတပ်က တစ်လကို သိန်း ၅ဝဝ အထိ တောင်းနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

တာချီလိတ်မြို့ ရွှေတိဂုံဘုရားအောက်မှာရှိတဲ့ ဂိမ်းဆိုင်တစ်ဆိုင်ကို သိန်း ၂၀ အထိ တောင်းပြီး KTV ဆိုင်တွေကလည်း သိန်း ၁၀၀ ကနေ သိန်း ၅၀၀ အထိ စစ်ကောင်စီရဲ့ အရာရှိကိုယ်တိုင် လစဉ်ကြေး ကောက်နေတယ်လို့ ‌အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက‌ ပြောပါတယ်။

“ပထမတော့ သိန်းငါးရာ တောင်းတယ် ဆိုင်ရှင်က ပြသာနာ အကြီးအကျယ် ရှာခံရလို့ သိန်း ၃ဝဝ နဲ့ ပြီးသွားပါတယ်ဗျ။ တာချီလိတ် ရွှေတိဂုံဘုရားအောက်က ဂိမ်းဆိုင်တွေကို တိုင်းမှူး PSO ဆိုပြီး အာဏာပြပြီး တစ်ရုံ သိန်း ၂၀ တောင်းပါတယ်။ အရင်က ရဲ၊ စရဖ၊ ထွေအုပ်တွေကို လစဉ် ၃ သိန်းစီပေးရင် ရပါပြီ။ ဂိမ်းရုံတစ်ရုံကို သိန်း ၂၀ မပေးနိုင်ရင် မဖွင့်နဲ့လို့ မိုက်မိုက်ရိုင်းရိုင်း ပြောတာ”

စစ်ကောင်စီရဲ့ အဲဒီအရာရှိဟာ KTV နဲ့ ဂိမ်းဆိုင်အပြင် လုပ်ငန်းရှင်တွေဆီကနေလည်း သိန်း ၂၀၀ အထိ တောင်းတာ ရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

တာချီလိတ်မြို့ပေါ်မှာ ဂိမ်းဆိုင် ၆၀ ရုံလောက်ရှိပြီး KTV ဆိုင် အရေအတွက်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ အခြေစိုက်ခဲ့တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျား‌ဖြန့်)လုပ်ငန်းနဲ့ လောင်းကစား‌ရုံတွေဟာ တာချီလိတ်မြို့ဘက် ပြောင်းရွှေ့လုပ်ကိုင်လာကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။