ဓာတ်ပုံ- Local

ရွှေဖီမြေ၊ ဧပြီ ၂၄ ရက်၊ လားရှိုး

ဒီနေ့ ဧပြီ ၂၄ ရက်မှာ လားရှိုး-သိန္နီအထွက် အေတီတံတားမှာ လုံခြုံရေးတာဝန် ယူနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကုန်ကားနဲ့အိမ်စီးကားတွေကို ငွေ စတောင်းနေပြီဖြစ်ပြီး တစ်ရက်ပျှမ်းမျှ ဝင်ငွေ သိန်းထောင်ချီ ရှိနိုင်တယ်လို့ ပေးဆောင်ခဲ့ရသူ ကုန်ကားမောင်းသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အိမ်စီးကားနဲ့ကုန်ကား အသေးတွေကိုတော့ မနေ့ ဧပြီ ၂၃ ရက်မှာ စတောင်းခဲ့တာဖြစ်ပြီး ကုန်ကားအကြီးတွေကိုတော့ ဒီနေ့ စတောင်းတာလို့ ကိုယ်တိုင် ကြုခဲ့ရသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကုန်ကားအရှည်ကြီး တရုတ်ကုန်ကားတွေဆို တရုတ်ငွေ ၂ ထောင် တောင်းတယ်။ တရုတ်ငွေ မပါရင် ၁၀ သိန်းပေါ့။ အဝင် ၅ သိန်း အထွက် ၅ သိန်း။ အဲလိုကုန်ကားကြီးတွေက တစ်ရက် အနည်းဆုံး ၅၀ လောက် ရှိတယ်ဆိုတော့ အဲဒါနဲ့တင် သိန်း ၅၀၀ ကျော်လောက်ရပြီ။ သူတို့က လားရှိုးအထွက် အေတီတံတားမှာ တောင်းတာ။ တံတားဟိုဘက်ခြမ်းကတော့ ကိုးကန့်က စောင့်တာ”

အိမ်စီးကားနဲ့ ကုန်ကားအသေးတွေကိုတော့ အခြေအနေပေါ် မူတည်ပြီး ညှိနှိုင်းပေးဆောင်ရတာလို့ ဆိုပါတယ်။

“ကုန်ကားအသေးကတော့ ၃ သောင်း၊ ၅ သောင်း အဲလိုပေးရတယ်။ အိမ်စီးကားကတော့ ၅ ထောင် အချို့က မပေးရဘူး” လို့လည်း သူက ပြောပါတယ်။

ကိုးကန့်တပ်ကိုတော့ ကုန်ကားအကြီးက ၂ သိန်း အခွန်ပေးဆောင်ရပြီး အခွန်များရင် ညှိနှိုင်းလို့ ရပေမဲ့ စစ်တပ်ကတော့ ညှိနှိုင်းခွင့် မရဘူးလို့ ဆိုပါတယ်။

စစ်တပ်ဘက်က အခုလို ကုန်တင်ကားတွေအပေါ် အဆမတန် ငွေ ကောက်တာကြောင့် ကုန်သည်တွေ အခက်တွေ့နေကြပြီး ကုန်စျေးနှုန်းလည်း စျေးထပ်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ထဲ စစ်တပ်က ကားအစီးရေ ရာနဲ့ချီ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်မှာ ဝင်ရောက်လာပြီး မြို့ထဲ လုံခြုံရေး စယူနေပြီ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။