ဓာတ်ပုံ – Local

ယာရူစိင်၊ မတ်လ ၆ ရက်၊ တာချီလိတ်

ရှမ်းအရှေ့ တာချီလိတ်မြို့မှာရှိတဲ့ KTV နဲ့ တေးဂီတ စားသောက်ဆိုင်တွေအားလုံးကို တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကာလအတွင်း ခေတ္တပိတ်ထားရန် စစ်ကောင်စီတပ်က မတ်လ ၃ ရက်က အသိပေး‌ထားတယ်လို့ သိရပါတယ်။

လာမယ့် မတ်လ ၁၇ ရက်ကနေ မတ်လ ၂၂ ရက်အထိ တက္ကသိုလ် စာမေးပွဲဖြေဆိုသွားမှာ ဖြစ်တဲ့အတွက် စာမေးပွဲကာလအတွင်း ပိတ်ထားရန်ဖြစ်ပြီး မတ်လ ၂၃ ရက်မှာတော့ ပြန်လည် ဖွင့်လှစ်ရန် သက်ဆိုင်ရာတွေက အသိပေးထားကြောင်း သိရပါတယ်။

တာချီလိတ်မြို့ခံ အမျိုးသားတစ်ဦးကတော့ “ပြီးခဲ့တဲ့ နှစ်လဲ အဲလိုပါဘဲ မဖွင့်ခိုင်းဘူး။ ခေတ္တပိတ်ခိုင်းတယ်ပေါ့။ ဘာမှလဲမဟုတ်ဘူး တချို့ဆိုင်တွေ ဖွင့်နေတာဘဲဗျ။ ဒီတိုင်း အသိပေးတဲ့ ပုံစံမျိုးပါဘဲ တကယ်ဆို ပုံမှန်လည်ပတ်နေတဲ့ပုံစံပေါ့။ ဆိုင်တွေ အများဆုံးက ဖွင့်နေတာဘဲလေ။ ဖွင့်တဲ့ဆိုင်တွေ့ရင် အရေးယူမယ်လို့ မနှစ်ကလဲ အသိပေးထားတာဘဲ အရေးယူတာလဲ မတွေ့ပါဘူး”လို့ ပြောပါတယ်။

တာချီလိတ်မြို့မှာရှိတဲ့ KTV နဲ့ Bar အပြင် အခြားဆိုင်တွေအပါအဝင် စစ်ကောင်စီတပ်က အကာအကွယ်ပေးတဲ့ဆိုင်တွေ ဖြစ်နေတာကြောင့် ဘယ်ဆိုင်တွေမဆို အရေးယူခံရမှာ စိုးရိမ်‌နေစရာ မရှိကြောင်းကို ဆက်ပြောပါတယ်။

နောက်ထပ် သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက ” ဘာမှမဟုတ်ဘူး ဒီအသိပေးတာက ဘယ်လိုဖြစ်ဖြစ် အရင်နှစ်တွေလိုပါဘဲဗျ။ စစ်တပ်က လုပ်စရာမရှိတော့လို့နေမှာ ကြံဖန်ပြီးတော့ ဟိုလုပ်ဒီလုပ်နဲ့ တကယ်တမ်းကျတော့လဲ သူတို့ လက်အောက်ဆိုင်တွေပဲ။ ညဆိုရင် သူတို့ စစ်ဆေးတဲ့ ဂိတ်ရောက်ရင် KTV ကနေ ပြန်လာတဲ့လို့ ပြောလိုက် သူတို့ ဘာမှ မစစ်ဆေးတော့ဘူး အေးဆေးသွားလို့ရတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် စာမေးပွဲဖြေဆိုတဲ့ ကာလအတွင်းမှာ KTV နဲ့ တေးဂီတ စားသောက်ဆိုင်တွေကို မြို့နယ်ရဲတပ်ဖွဲ့နဲ့ မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့က ဦးဆောင်ပြီး စစ်ဆေးသွားမှာ ဖြစ်သလို မပိတ်တဲ့ ဆိုင်တွေကို အရေးယူနိုင်ချေရှိကြောင်း သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။