မိုင်းအရှိုင်း၊ မေလ ၅ ရက်၊ ကျောက်မဲ
TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဒီကနေ့ မေလ ၅ ရက် မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချတယ်လို့ ရွှေဖီမြေက စုံစမ်း သိရပါတယ်။
“အမြောက်တပ်မှာ တစ်လုံးကြဲတယ်။ တစ်လုံးကတော့ လမ်းမကြီးမှာကျတယ်။ အထိခိုက်တော့ မသိရသေးဘူး”လို့ ကျောက်မဲဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီဟာ ကူမင်းမြို့မှာ TNLA နဲ့ ဆွေးနွေးပွဲမှာ ပြေလည်မှုမရတဲ့နောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ မိုးကုတ်နဲ့ ကျောက်မဲမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။
TNLA အနေနဲ့ တိုက်ထားတဲ့ မြို့တွေကို ပြန်ပေးဖို့နဲ့ နမ့်ဆန်နဲ့ မန်တုံဒေသကို ပြန်နေဖို့ စစ်ကောင်စီရဲ့ ခိုင်းဆိုချက်ကို လက်မခံနိုင်ဘူးလို့ TNLA က မနေ့ မေလ၄ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။