ဓာတ်ပုံ – SPM

လွေးဇွန်မိုး၊ ဇန်နဝါရီ ၂၇ ရက်၊ ကျောက်မဲ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ​ရှမ်းမြောက် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး ထပ်ကြဲခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂၇ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ ကျောက်မဲမြို့ ခရိုင်ရုံးကို ဗုံးကြဲခဲ့တာဖြစ်ပြီး ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ​ဆိုပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက “ဖုန်းလိုင်း ပျက်နေတယ် အခု။ ညစျေး၊ မေတ္တာမွန်ခန်းမ၊ မြို့တော်ခန်းမ၊ အမှတ် ၆ ကျောင်းလို့ သိရတယ်။ မြို့တော်ခန်းမ One Love (ဟိုတယ်)အောက်နား အတည်ပြု” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကျောက်မဲမှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရသူအခြေအနေ အသေးစိတ်ကိုတော့ ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာလည်း ကျောက်မဲ ပြည်သူ့ဆေးရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDM ဆရာမအပါအဝင် ၃ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။

ဒေသခံတွေ ဆေးကုသနေတဲ့ ကျောက်မဲ ပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်တာကို ကန့်ကွက်ရှုတ်ချကြောင်း ကျန်းမာရေး မိသားစု မန္တလေး- MFM၊ တအာင်းပြည် ကျန်းမာရေးကောင်စီ- THC၊ တအာင်းအရပ်ဖက်အဖွဲ့အစည်း- TCSO၊ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG၊ TNLA နဲ့ တခြားအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။