လွေးဇွန်မိုး၊ အောက်တိုဘာ ၂၈ ရက်၊ ကျောက်မဲ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ တအာင်းတပ်- TNLA နဲ့ဆက်စပ်တယ်ဆိုပြီး အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး နေအိမ်တချို့ကိုလည်း ချိတ်ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့မှာ TNLA အုပ်ချုပ်စဥ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်ယူခဲ့တဲ့ ကျောက်မဲမြို့ ရပ်ကွက် (၁) အုပ်ချုပ်ရေးမှူးနဲ့ ​ကိုပြူးဆိုသူကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူဒေသခံတစ်ဦးက ပြောပါတယ်။

“(၁) ရပ်ကွက်နဲ့ (၆) ရပ်ကွက် အုပ်ကြီးတွေနဲ့ (၁) ရပ်ကွက်က ကိုပြူး ဖမ်းခံရတယ်။ မနာလိုတဲ့သူတွေ စရဖ(စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့)တွေ ချောက်တွန်းကြပုံပဲ” လို့ ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက် နေ့လည်မှာလည်း ရပ်ကွက် (၆) အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးသွားတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ နေအိမ်အပါအဝင် ရပ်ကွက် (၁) ကနေအိမ် ၃ အိမ်၊ ရပ်ကွက် (၃) က ၁ အိမ်၊ ရပ်ကွက် (၆) က ၁ အိမ် စုစုပေါင်း နေအိမ် ၅ အိမ်ကိုလည်း တော်လှန်ရေးတပ်တွေနဲ့ စပ်ဆက်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က ချိတ်ပိတ်သွားတယ်လို့ ဆိုပါတယ်။

အလားတူ စစ်ကောင်စီတပ် ပြန်ထိန်းချုပ်နေတဲ့ နောင်ချိုမြို့မှာလည်း TNLA၊ PDF နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး နေအိမ်တွေကို လိုက်လံ ချိတ်ပိတ်တာ ရှိနေပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူခဲ့တာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။