ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နောင်ချို-ပြင်ဦးလွင်မြို့နယ်ကြားရှိ အုမ္မတီးကျေးရွာကို စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၂၄ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတက်က အုမ္မတီးကျေးရွာထဲကို ဂျက်ဖိုက်တာလေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြေပြင်အခြေအနေသိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အုမ္မတီးဘက်မှာက တိုက်ပွဲတွေ နေတိုင်းဖြစ်နေတယ်။ မနေ့ လေယာဥ်နဲ့ လာပစ်သွားတာ။ အိမ်အချို့ ပျက်စီးတာ ရှိတယ်။ ရွာထဲမှာက ဒေသခံတွေ မနေကြတော့ဘူး။ ရှောင်ကုန်ကြပြီ” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ အမြောက်တပ်တွေ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအနီးရှိ တောင်ရှည်နဲ့ မန်မော်ကျေးရွာကြားမှာရှိတဲ့ TNLA က ၎င်းတို့ လက်လွတ်ထားရတဲ့ ဆယ်တောင်ပြည့်ကုန်းကို ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ TNLA အကြား ဆွေးနွေးပွဲရလဒ်မထွက်ဘဲ ပြီးဆုံးပြီးနောက် စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ဒေသကို ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဥ်လိုလို ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၇ ရက်ကနေ မနေ့ ဖေဖော်ဝါရီ ၂၂ ရက်အထိ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ် တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇ ဦးနဲ့ ဒဏ်ရာရသူ ၁၈ ဦးအထိ ရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။