ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တာချီလိတ်

ရှမ်းအရှေ့ တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက်ထဲ တရားမဝင် အွန်လိုင်း ငွေလိမ်ဂိုဏ်း လုပ်ကိုင်သူ ၁၃ ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူထဲ ထိုင်းနိုင်ငံသား အမျိုးသား ၇ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၃ ဦးကို ဖေဖော်ဝါရီ ၁၃ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာ နေထိုင်တဲ့ ထိုင်းနိုင်ငံသား ဝယ်ဆန်နဲ့ ဇနီးဖြစ်သူ ရန်ကျူးတို့အပြင် ဆက်စပ်တရားခံကိုလည်း ဉပဒေနဲ့အညီ အမြန်ဆုံး ဖမ်းဆီးတရားစွဲနိုင်ဖို့ ဆက်လက် ဆောင်ရွက်နေကြောင်း၊ ထိုင်းနိုင်ငံသားတွေဟာ တာချီလိတ်မြို့သို့ အလည်အပတ်နဲ့ အလုပ်လုပ်ဖို့ လာခဲ့ရာကနေ တရားမဝင် ငွေလိမ်လုပ်ငန်းမှာ ပါဝင်လုပ်ဆောင်ခဲ့ကြတာလို့ ဆိုတယ်။

အွန်လိုင်း ‌ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ‌နဲ့အတူ ငွေလိမ်လုပ်ငန်း လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ဖုန်းမျိုးစုံ ၃၀၀ လုံး၊ ကွန်ပြူတာ ၅၀ လုံးနဲ့ ဘိန်းစာရွက်(အစို) ၁ ကီလိုခန့်စီပါ ၄ ထုပ်၊ ဘိန်းစာရွက်ပြုတ်ရည် ၁ လီတာပါ ၁၀ ဗူးနဲ့ ချောင်းဆိုးပျောက် ဆေးရည် ၃၀ ပုလင်းကို သိမ်းဆည်းရမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ကလည်း တာချီလိတ် ဆန်ဆိုင်း(က) ရပ်ကွက်မှာရှိတဲ့ ထိုင်းနိုင်ငံသားတွေ ငှားရမ်းနေထိုင်တဲ့ နေအိမ်မှာ ငွေလိမ်လုပ်ငန်းလုပ်သူ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးခဲ့ပြီး ငွေလိမ်လုပ်ငန်း လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ Laptop ၆၁ လုံး၊ Flat Desktop ၃၂၉ လုံးနဲ့ System (CPU) ၉၀ လုံး၊ ဖုန်းမျိုးစုံ ၉၀ လုံး၊ လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီးနဲ့ ဆက်စပ်ပစ္စည်းလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။