ဓာတ်ပုံ- CJ

မိုင်းရူပ၊ ဇန်နဝါရီ ၁၄ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်းတွေကို တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားပြီး စစ်တပ်က လေကြောင်း အသုံးပြုပြီးတော့ လက်နက်ခဲယမ်း ပို့ဆောင်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဒီရက်ပိုင်းအတွင်း မြေပြင်တိုက်ပွဲ ငြိမ်သက်နေပြီး အမြှောက်တပ်စခန်းကို TNLA က ဝိုင်းရံပိတ်ဆို့ထားကာ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်တာတော့ ရှိတယ်။ စစ်ကောင်စီ ထိုးလာရင်တော့ အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်နိုင်တယ်။ လက်ရှိ အခြေအနေက စစ်ကောင်စီတပ်စခန်းတွေကို ဝိုင်းထားတယ်”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်မှာ စစ်တပ်ဟာ တောင်းခမ်းရှိ အမြှောက်တပ် ၉၀၂ နဲ့ ၂၀၆ တပ်စခန်းမှာ Y-12 လေယာဉ်နဲ့ လက်နက်ခဲယမ်း လာရောက် ပို့ဆောင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

တောင်းခမ်းရွာမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ်အပါအဝင် အမြှောက်တပ်စခန်းတွေဖြစ်တဲ့ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားပြီး တောင်းခမ်းမှာ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲ ပြင်းထန်နေတာ ၄ လကျော်ကြာ ရှိနေပြီ ဖြစ်ပါတယ်။

တောင်းခမ်းဘက် စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဟန့်တားတိုက်ခိုက်နေတဲ့ ဓနုတပ်တော်- DPLA နဲ့ စစ်တပ်ကလည်း ဒီရက်ပိုင်းအတွင်း ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသအနီးတစ်ဝိုက်မှာ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။

တောင်းခမ်းနဲ့ မိုင် ၂၀ ခန့် ကွာဝေးတဲ့ နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကတည်းက TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။