ရွှေဖီမြေ၊ ဧပြီ ၄ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော်- MNDAA ဟာ ၎င်းတို့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကနေ ဆုတ်ခွာပြီး စစ်ကောင်စီတပ်ကို ပြန်လည် အုပ်ချုပ်စေမှာ ဖြစ်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့မှာရှိတဲ့ ရပ်ကွက်တချို့ကို အစည်းအဝေး ပြုလုပ်ခဲ့ပြီး စစ်တပ်က လားရှိုးမြို့မှာရှိတဲ့ ဌာနဆိုင်ရာအဖွဲ့တချို့ကို ပြန်လည် အုပ်ချုပ်သွားမှာဆိုပြီး အမျိုးသားတစ်ဦးက ပြောပါတယ်။

“လမကုန်ခင် ဌာနဆိုင်ရာအဖွဲ့တချို့ ပြန်ဝင်လိမ့်မယ်။ စကစဖက်ကပေါ့။ စစ်ဖက်ဆိုင်ရာတော့ မဝင်သေးဘူး။ လက်ရှိ မြို့ထဲက တာဝန်ထမ်းဆောင်သူတွေက မဖြစ်မနေ မြို့က ခွာရမယ်။ လားရှိုးမှာ စစ်ဦးစီးနဲ့တပ်ဖွဲ့ဝင်၊ ရဲဌာန၊ ဆက်ဆံရေးရုံးတော့ ကျန်ခဲ့မယ်။ စကစကို ပေးရမှာက မြို့ပေါ် ၁၂ ရပ်ကွက်ပေါ့။ ပြည်သူတွေကို ပြောချင်တာက ကြိုပြင်ဆင်ထားဖို့ပါ။ ကြားထဲမှာ အခြေအနေ အများကြီး ပြောင်းနိုင်ပေမဲ့ ကြိုတင် ပြင်ဆင်စေချင်လို့ပါ”

တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုအရ MNDAA ဟာ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။

“အုပ်ချုပ်ရေးကတော့ စကစနဲ့ ပူးတွဲကိုင်တွယ်မယ်လို့ သိရပါတယ်။ စကစ ပြန်ဝင်လာရင် စစ်မှုထမ်း ကောက်လိမ့်မယ်။ မဆုတ်ပေးရင် လေကြောင်း တိုက်ခိုက်မှု လုပ်မယ်လို့ စကစဘက်က ခြိမ်းခြောက်တယ်။ စီးပွားရေးနဲ့ ကုန်သွယ်ရေးဂိတ်တွေပိတ်မယ်လို့ တရုတ်ဘက်က ဖိအားပေးတယ်။ ကျန်တဲ့ ဖိအားလည်း အများကြီးဘဲ”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က စစ်တပ်နဲ့ MNDAA တို့ ကူမင်းမြို့မှာ တရုတ်ရဲ့ ကြားဝင်ညှိနှိုင်းမှုအရ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဖက် အပစ်ရပ် သဘောတူညီချက်စာချုပ်ကို တရားဝင် လက်မှတ် ရေးထိုးခဲ့ပါတယ်။

လားရှိုးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ် ၃ ရက်မှာ MNDAA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။