ရွှေဖီမြေ၊ ဇန်နဝါရီ ၂၃ ရက်၊ နောင်ချို

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်တာဟာ TNLA က ထွေအုပ်ရုံးမှာ အစည်းအဝေးလုပ်တာကြောင့် တိုက်ခိုက်တာဖြစ်ပြီး TNLA မိသားစုဝင်အပါအဝင် ၄၀ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကို ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ သတင်းအမှားတွေ ပျံ့နေပါတယ်။

အဲဒီတယ်လီဂရမ်ချန်နယ်တွေကတော့ တိုက်ပွဲသတင်းစုံ၊ View of sue၊ မှိုင်းဝေနဲ့ Kyaw Swar စတဲ့ စစ်ကောင်စီတပ်ကို ထောက်ခံတဲ့ ချန်နယ်တွေပဲ ဖြစ်ပါတယ်။

တိုက်ပွဲသတင်းစုံမှာတော့ “ဗုံးကြဲတဲ့နေရာက TNLA တွေ အစည်းအဝေး လုပ်တဲ့နေရာ ဖြစ်တယ်။ ကြဲတဲ့နေရာတိုင်း ထိမိပြီး TNLA ၄၀ လောက် သေတယ်။ ဒါ့အပြင် TNLA အဖွဲ့ရဲ့ အမာခံ ထောက်ပို့ လင်မယားလည်း ထိသွားတယ်။ မိန်းမဖြစ်သူက သေသွားပြီး သူ့ယောက်ျားကတော့ ဆေးရုံ ရောက်သွားတယ်” လို့ ရေးသားထားပါတယ်။

မူရင်းအရင်းအသား အပြည့်အစုံကို ဖတ်ရှုဖို့ အောက်က လင့်မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

တိုက်ပွဲသတင်းစုံ- https://archive.ph/feTAM

ဒါ့အပြင် ၎င်းသတင်းကို

မှိင်းဝေ- https://archive.is/t4J0p

View of sue- https://archive.is/mcqfW

Kyaw Swar- https://archive.ph/ti2AY

စတဲ့ ချန်နယ်တွေမှာလည်း ပုံစံအမျိုးမျိုးနဲ့ ရေးသားပြီး သတင်းအမှား ဖြန့်နေကြပါတယ်။

အဲဒီသတင်းအမှားပါ အကြောင်းအရာတွေကို ရွှေဖီမြေရဲ့ အချက်အလက် စစ်ဆေးတဲ့ အဖွဲမှ စစ်ဆေးကြည့်တဲ့အခါ မှားယွင်းနေတာကို တွေ့ရှိရပါတယ်။

#သတင်းအမှားဖြစ်ကြောင်း စစ်ဆေးအတည်ပြုချက်

လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သတင်းဌာနနဲ့ ဒေသတွင်း သတင်းဌာနမှာ အဆိုပါကိစ္စနဲ့ ပတ်သက်လို့ သတင်းတွေ ရေးသားဖော်ပြထားပါတယ်။

ရွှေဖီမြေ သတင်းဌာနမှာလည်း “TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြိုကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ” ဆိုတဲ့သတင်းကို ရေးသားထားပါတယ်။

SPM- https://www.facebook.com/share/p/15Z4sKuCzh/

သျှမ်းသံတော်ဆင့် သတင်းဌာနမှာလည်း “နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံး(၃)လုံး ကြဲချ၊ အမျိုးသမီးတစ်ဦး သေဆုံး” ဆိုပြီး ရေးသားထားပါတယ်။

Shan news- https://www.facebook.com/share/p/1YaJ4Q8AXv/

RFA- သတင်းဌာနမှာလည်း “TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ ဗုံးကြဲတိုက်ခိုက်ခံရပြီး တစ်ဦး သေဆုံး” လို့ ရေးသားထားပါတယ်။

RFA- https://www.facebook.com/share/p/14f93dZG3t/

VOA သတင်းဌာနမှာလည်း “စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမှာ ဒေသခံတချို့ ထိခိုက်သေဆုံး” လို့ ရေးထားပါတယ်။

VOA- https://www.facebook.com/share/p/19zmjkVVyx/

BBC သတင်းဌာနမှာလည်း “နောင်ချိုမြို့ပေါ်ကို စစ်တပ်က ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံး” လို့ ရေးထားပါတယ်။

BBC- https://www.facebook.com/share/p/1DS2PCKckM/

People’s spring သတင်းဌာနကလည်း “နောင်ချိုမြို့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ဒေသခံတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ”ဆိုပြီး ရေးသားထားပါတယ်။

People’s spring- https://www.facebook.com/share/p/19VVpKbiwM/

ဒါ့အပြင် မြေပြင်အခြေအနေမှာ ရှိနေတဲ့ သတင်းအရင်းအမြစ်တွေကို မေးမြန်းရာမှာတော့ “ဂျက်ဖိုက်တာနဲ့ လာကြဲသွားတာ။ ပြီးတော့ ပြင်ဦးလွင်ဘက်ကနေလည်း လက်နက်ကြီး ပစ်လာတယ်။ ကြဲတဲ့နေရာက ထွေအုပ်ရုံးနဲ့ ရဲစခန်းကြားက လူထုတွေနဲ့ အိမ်တွေဘဲ အရပ်သားဘဲ ထိတာ အမျိုးသမီးတစ်ဦး သေတယ်။ တစ်ဦး ဒဏ်ရာ ရတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

အခုလို သတင်းအမှားတွေကို စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ပုံစံအမျိုးမျိုးနဲ့ ရေးသားတင်ဆက်လေ့ရှိတာကို တွေ့နေရပါတယ်။

ဒါ့အပြင် ဖြစ်စဉ်နဲ့ပတ်သက်ပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “မနေ့က လေကြောင်း တိုက်ခိုက်မှုမှာ စစ်ကောင်စီက လူထုတွေကို ဦးတည်တိုက်ခိုက်တာဖြစ်တယ်။ အဲဒီမ‌ေန့က ဗုံးကြဲမှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာနဲ့ အရပ်သားလူထုတွေရဲ့ နေအိမ်တွေသာ ထိခိုက်ပျက်စီးတာဖြစ်တယ်” လို့ ပြန်လည် ဖြေကြားထားပါတယ်။

#သုံးသပ်ချက်

စစ်ကောင်စီတပ်က တော်လှန်ရေးအင်အားစုတွေထံ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးလာရချိန်မှာပဲ စစ်ကောင်စီကို ထောက်ခံတဲ့ ချန်နယ်တွေက အခုလို မဟုတ်မမှန်သတင်းတွေ ရေးသားဖော်ပြလေ့ ရှိနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သားလူထု‌တွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အပြင် လူထုတွေရဲ့နေအိမ်နဲ့ အများသုံးအဆောက်အအုံတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နေပေမဲ့ စစ်ကောင်စီ ဝါဒဖြန့်သူတွေကတော့ TNLA သာ သေဆုံးထိခိုက်ကြောင်း ရေးသားဖော်ပြလေ့ ရှိတာကို တွေ့နေရပါတယ်။

၎င်းရေးသားဖော်ပြချက်တွဟာ ယုံကြည်လို့ မရတာကြောင့် အရင်ကလည်း ရွှေဖီမြေက ဒီဖြစ်စဉ်တွေနဲ့အလားတူ သတင်းတွေကို စိစစ်ရေးသားထားဖူးပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ် ၃၀ ရက်မှာ “သီပေါမှာ TNLA ခိုအောင်းနေတဲ့ စာသင်ကျောင်းထဲ ဗုံးကြဲလို့ဲ TNLA တပ်ဖွဲဝင် သေဆုံးတယ်ဆိုတဲ့ သတင်းအမှား”

https://www.facebook.com/shwepheemyaynews/posts/837286518578614

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၇ ရက်ကလည်း “နမ့်ခမ်းမြို့ပေါ်က ဗုံးကြဲတိုက်ခိုက်မှုမှာ TNLA မိသားစုဝင်တွေ သေဆုံးတယ်ဆိုတဲ့ သတင်းအမှား”

https://www.facebook.com/shwepheemyaynews/posts/842610908046175

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်က “လားရှိုးက ဟိုတယ်တွေမှာ MNDAA တွေ ခိုအောင်းနေတာကြောင့် ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်ဆိုတဲ့ သတင်းအမှား”

https://www.facebook.com/shwepheemyaynews/posts/861631839477415

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်က “လားရှိုးမြို့ သာသနာ ၂၅၀၀ ဘုန်းကြီးကျောင်းထဲ ခိုအောင်းနေတဲ့ MNDAA တပ်ဖွဲကို ဗုံးကြဲတိုက်ခိုက်တာဖြစ်ကြောင်း စစ်ကောင်စီထောက်ခံသူတွေက သတင်းအမှားဖြန့်”

https://www.facebook.com/shwepheemyaynews/posts/886247290349203

ဒါကြောင့် ရွှေဖီမြေရဲ့ စာဖတ်ပရိသတ်တွေ အနေနဲ့ လူမှုကွန်ယက်ပေါ်က ရေးသားဖော်ပြနေကြတဲ့ သတင်းတွေအပြင် ခိုင်လုံမှုမရှိတဲ့ သတင်းအကြောင်းအရာတွေကို ချက်ချင်းမယုံကြည်ကြဘဲ စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာ ဝင်ရောက် ရှာဖွေဖတ်ရှုကြဖို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။