ဓာတ်ပုံ – MOI

အယ်လ်နော်အောင်၊ ဖေဖော်ဝါရီ ၂၇ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ်မြို့နယ်ရှိ မူဆယ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)ဝန်ထမ်းတွေဟာ မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်ထွက်သွားလာခွင့် (Border Pass- BP) ဒေသအခေါ် စာအုပ်အနီ တစ်အုပ်ကို ကျပ်သိန်း ၁၀၀ နဲ့ တရားမဝင် လုပ်ပေးနေတယ်လို့ လဝက ဝန်ထမ်းတွေဆီက စုံစမ်းသိရှိရပါတယ်။

ခရိုင် လဝက ဝန်ထမ်းတွေဟာ မူဆယ်နဲ့ နမ့်ခမ်း အိမ်ထောင်စုဝင် မဟုတ်သူရဲ့ ကျန်းမာရေးကို ဆေးစာအတု လုပ်တာ၊ မူဆယ် အိမ်ထောင်စုဝင် မှတ်ပုံတင်နဲ့လုပ်ပြီး ရလာတဲ့ စာအုပ်ကို မူဆယ် အိမ်ထောင်စု မဟုတ်တဲ့ တခြားသူရဲ့ ဓာတ်ပုံကို ပြောင်းထည့်တာတွေကို လုပ်ဆောင်ပေးနေတာပါ။

ဒါ့အပြင် ခရိုင်လဝကမှူးရဲ့ လုပ်ပိုင်ခွင့်နဲ့ မူဆယ်၊ နမ့်ခမ်း မဟုတ်တဲ့ အိမ်ထောင်စုဝင်ကို အရေးပေါ်စာအုပ် ထုတ်ပေးတာနဲ့ မူဆယ်ခရိုင်က ဌာနဆိုင်ရာ အကြီးအကဲရဲ့ လက်မှတ်နဲ့ ရုံးချုပ်ကို စာတင်ပြီး BP စာအုပ် လျှောက်တာ စတဲ့နည်းလမ်းပေါင်းစုံနဲ့ ငွေယူပြီး တရားမဝင် လုပ်ပေးနေတယ်လို့ နန်းတော် BP ဌာနက အလှည့်ကျ မြို့နယ် လဝကဝန်ထမ်းတွေက ပြောပါတယ်။

“ပြီးခဲ့တဲ့လက စာအုပ်အနီ သွားလုပ်တာ ၅၀၀ တန်တဲ့ BP ကို ၃ ထောင် တောင်းတယ်။ ကျမတို့က မူဆယ် အိမ်ထောင်စုလေ အပိုငွေပေးဖို့ လိုမှမလိုတာ။ ကျမတို့က မပေးခဲ့ဘူး။ မပေးတော့ အကြောင်းအမျိုးမျိုးပြပြီး စာအုပ် လုပ်မပေးဘူး။ ဒါကြောင့် ခရိုင်လဝကမှူးကို သွားတိုင်လိုက်တယ်။ နှစ်လရှိပြီ ဘာမှအကြောင်းမပြန်သလို စာအုပ်လည်း မလုပ်ပေးသေးဘူး” လို့ မူဆယ် ကောင်းနောင်ရပ်ကွက်ရှိ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ မူဆယ် အိမ်ထောင်စုနဲ့ တိုကင် ယူပြီး စာအုပ်အနီ လုပ်ရာမှာလည်း တစ်ပတ်စာ သက်တမ်ရှိ စာအုပ်ရဖို့ ငွေ ၁၀ သိန်းအထိ ပေးရတာရှိပြီး အဲဒီငွေတွေကို ပွဲစားနဲ့ချိတ်ဆက်ကာ ငွေပေးရတာမဟုတ်ဘဲ ဒုခရိုင် လဝကမှူးနဲ့ ၎င်းရဲ့အဖွဲ့ကို တိုက်ရိုက်ပေးဆောင်ရတာလို့ ဆိုပါတယ်။

မူဆယ် ခရိုင်လဝကမှူးနဲ့ ဒုခရိုင် လဝကမှူး ဒေါ်နှင်းအိနိုင်အပါအဝင် လဝကဝန်ထမ်းတွေဟာ တစ်လကို စာအုပ်အနီ အုပ်ရေ ၃၀ အထက် လုပ်ပေးနေပြီး စာအုပ် လုပ်ပြီး ရလာတဲ့ ငွေကြေးထဲက တောင်ကြီးရှိ ပြည်နယ် လဝကမှူးကို ၂၅ သိန်း၊ ရုံးချုပ်ရှိ ညွှန်ချုပ်ကို ၁၅ သိန်း၊ ဒုညွှန်ချုပ်ကို ၁၀ သိန်းနဲ့ အခြားအရာရှိ ၃ ဦးကို တစ်ဦးလျှင် ၅ သိန်းစီ လစဥ် ခွဲဝေပေးနေတယ်လို့လည်း ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ တစ်နှစ် သွားလာခွင့် သက်တမ်းရှိတဲ့ BP စာအုပ်အနီကို မူဆယ်ခရိုင်ဖြစ်တဲ့ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ် အိမ်ထောင်စု ရှိသူတွေကိုသာ ပြုလုပ်ခွင့်ပေးထားပြီး အခြားမြို့နယ်မှာ နေထိုင်သူတွေကိုတော့ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP)သာ ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ကနေ တရုတ်နိုင်ငံကို ယာယီ နယ်စပ်ဖြတ်ကျော်ခွင့်ကတ် (TBP)နဲ့ သွားရောက် အလုပ်လုပ်ကိုင်မယ့်သူတွေထဲက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၂ ရက်ကစပြီး မြန်မာအာဏာပိုင်တွေက ထွက်ခွာခွင့် ကန့်သတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။