မိုင်းရူပ၊ ဧပြီ ၂၅ ရက်၊ နောင်ချို

စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာအနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ် ၉၀၂ တပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေသလို နောင်ချိုမြို့နယ် မဲပုတ်ရွာဘက် ထိုးစစ် ဆင်လာတဲ့ စစ်တပ်နဲ့ TNLA တိုက်ပွဲ ပြင်းထန်နေတာပါ။

“တိုက်ပွဲက ပြင်းထန်နေတယ်။ မနေ့လည်း တစ်နေကုန်ပဲ။ ဒီနေ့လည်း တိုက်ပွဲ ပြင်းထန်နေတယ်” လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မဲပုတ်ရွာကနေ ထိုးစစ် ဆင်လာတဲ့ စစ်တပ်ဟာ နောင်လင်ရွာအထိ ရောက်လာပြီလို့ နောင်ချိုဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စစ်ကောင်စီ​တွေ နောင်လင်အထိ ရောက်လာပြီ။ နောင်လင်က နောင်ချိုမြို့နဲ့ သိပ်မဝေးတော့ဘူး”

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်တွေမှာတော့ စစ်တပ်က နောင်လင်ရွာရှိ TNLA တပ်စခန်းကို သိမ်းပိုက်နိုင်ပြီလို့ ဝါဒဖြန့် ရေးသားနေကြပါတယ်။

စစ်တပ်ဟာ လက်လွှတ်ထားရတဲ့ နောင်ချိုမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ အုမ္မတီး၊ ကံကြီးနဲ့ နောင်ချိုလေး-မဲပုတ် စတဲ့စစ်ကြောင်း ၃ ကြောင်းခွဲပြီး TNLA ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ တွေ့ရပါတယ်။

မနေ့ ဧပြီ ၂၄ ရက် ညပိုင်းမှာလည်း စစ်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့အနီးရှိ ကျောက်ကြမ်း၊ အုမ္မခါးနဲ့ အုမ္မတီးရွာထဲ စစ်တပ်က Y-12 လေယာဥ် အသုံးပြုပြီး ဗုံး ၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီနဲ့ ကိုးကန့်တပ်အကြား အပစ်ရပ်ဖို့ သဘောတူပြီးနောက် တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ TNLA တွေ့ဆုံမယ်လို့ သတင်း ထွက်ပေါ်နေပြီး ရွှေဖီမြေက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။