ဓာတ်ပုံ- Google (နောင်ချို ဂုတ်တွင်းမှာ တွေ့ရတဲ့ စစ်ကောင်စီတပ်-ပုံဟောင်း)

ယာရူစိင်၊ ဇန်နဝါရီ ၁၁ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ်နဲ့ ပြင်ဦးလွင်ကြားရှိ ဘန့်ဘွေး-အင်ဝိုင်းရွာကြားမှာ စစ်တပ်က ဂိတ် ၃ ဂိတ်ဖွင့်ပြီး ဗျူဟာမှူးကိုယ်တိုင် ဦးစီးပြီးတော့ ကြံကားတစ်စီးကို ငွေ ၁ သိန်းနီးပါး တောင်းနေပါတယ်။

ဘန့်ဘွေးကနေ အင်ဝိုင်း ၂ မိုင်အတွင်းရှိ ကြံပို့ရာ လမ်းကြောင်းတွေမှာ စစ်တပ်က ဂိတ် ၃ ဂိတ် ဖွင့်ထားသလို ဂိတ် ၁ ခုကို ဖြတ်သန်းခ ၁ သိန်းနီးပါး ပေးနေရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဘန့်ဘွေး ဗျူဟာမှူး စီးပွားရှာ ကြမ်းနေတယ်။ ဘန့်ဘွေးဒေသ ကြံစိုက်တောင်သူများ ကြံပို့ရာ လမ်းကြောင်း ဘန့်ဘွေးမှ အင်ဝိုင်း နှစ်မိုင်အတွင်းမှာ ဂိတ် သုံးဂိတ် ဖွင့်ထားပါတယ်။ ဂိတ်တစ်ဂိတ် ဖြတ်သန်းခ ကြံကားတစ်စီး ငါးသောင်းကို ကြံပိုင်ရှင်က ပေးရပြီး ကားသမားက နှစ်သောင်း ထပ်ပေးရပါတယ်”

ဖြတ်သန်းခ ဂိတ်ကြေး ပေးရတာဟာ များတဲ့အတွက် ကွင်းလမ်းက‌‌နေ သွားရတဲ့အပြင် ဗျူဟာမှူးကိုယ်တိုင် ဦးစီးပြီး ကွင်းလမ်းအထိ ဂိတ်တွေ ဖွင့်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

နောက်ထပ် သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “ဟုတ်တယ် ဗျူဟာမှူးကိုယ်တိုင် ဦးစီးပြီး ငွေတောင်းနေတာကို ကျနော်လည်း ကြားထား သိထားပါတယ်။ နားမလည်တာက အဲဘက်တစ်ကြောမှာ မကြာခဏဆိုသလို စစ်ပွဲတွေ ဖြစ်နေတာလေ။ ရှောင်ကွင်းလမ်းကအစ ဂိတ်တွေဖွင့်ပြီး ငွေတောင်းနေတာဆိုတော့လေ ထူးဆန်းတယ် ပြောရမှာပေါ့။ ဗျူဟာမှူးကိုယ်တိုင်က သုံးစရာပိုက်ဆံ မရှိလို့ နေမှာပါ။ သူတို့ဘယ်လိုအခြေအနေ ဘယ်လိုပုံစံနဲ့ တောင်းနေလဲဆိုတာ ကျနော်လည်း သေချာမသိရပါဘူး”

အလားတူ ရှမ်းတောင် ရပ်စောက်မြို့ကနေ ရှမ်းမြောက်ဘက်သွားမယ့် ကားတွေကိုလည်း ဗထူးစစ်တပ်ဂိတ်မှာ ပိတ်ပင်ထားပေမဲ့ ညပိုင်းမှာ သိန်း ၂၀၊ သိန်း ၄၀ ပေးနိုင်သူကိုသာ ဖြတ်သန်းခွင့်ပေးတဲ့ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။