မိုင်းရူပ၊ နိုဝင်ဘာ ၂၁ ရက်၊ လားရှိုး
စစ်ကောင်စီတပ်ရဲ့ တပ်ဆုတ်ခိုင်းမှုကြောင့် ရှမ်းမြောက် လားရှိုးမြို့ပြင်မှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့အကြား စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီဘက်က ကိုးကန့်တပ်ကို လားရှိုး–သီပေါ လမ်းပိုင်းရှိ တပ်တွေကို ပြန်ဆုတ်ခိုင်းနေပြီး၊ ကိုးကန့်တပ်ဘက်ကတော့ စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို လက်မခံဘဲ နှစ်ဖက်တပ်အကြား စစ်ရေး တင်းမာမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်း လားရှိုးမြို့ပြင် နမ့်ပေါင်နဲ့ သံလွင်ရွာတွေမှာ ကိုးကန့်တပ်ဘက်က စစ်အင်အားထပ်မံဖြည့်တင်းထားတယ်လို့ လားရှိုးမြို့ရှိ စစ်ရေးသတင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကိုးကန့်နဲ့ စကစ အခြေအနေက တင်းမာနေတုန်းပဲ။ ဒီကြားထဲမှာ အစည်းအဝေးထပ်လုပ်မယ်လို့ ကြားတယ်။ ကိုးကန့်က တပ်မဆုတ်ပေးဘူး။ လားရှိုးမြို့ပြင်မှာ ပြန်ချမယ်နှင့် တူတယ်” လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်မှာ လားရှိုးမြို့မှာ ကိုးကန့်တပ်နဲ့ MNDAA တို့တွေ့ဆုံခဲ့ပြီး၊ စစ်ကောင်စီဘက်က တပ်ဆုတ်ခိုင်းမှုပြန်ဆိုပေမယ့် ကိုးကန့်တပ်က လက်မခံဘဲ စစ်သုံ့ပန်း ၂၀၀ ကျော်သာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဆွေးနွေးပွဲပြီးဆုံးပြီးနောက် လားရှိုး–သီပေါ လမ်းပိုင်းမှာ ကိုးကန့်တပ်နဲ့ MNDAA တို့အကြား စစ်ရေးတင်းမာမှုတွေ ပြန်လည် ဖြစ်ပွားခဲ့ပြီး သီပေါတံတားကို နှစ်ဖက်တပ်တွေက တစ်ပတ်ကျော်ကြာအထိ ပိတ်ထားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ပေါ်ကို ပြန်ရရှိထားပြီး၊ အရေးပါတဲ့ သီပေါ–လားရှိုး လမ်းပိုင်းကိုတော့ ကိုးကန့်တပ်ကသာ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။