ပို့လဘား၊ နိုဝင်ဘာ ၈ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်လောင်းကျေးရွာမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူနဲ့ သုံးစွဲသူတွေကို ဖမ်းဆီးရမိရင် ဒဏ်ငွေ သိန်း ၁၀၀ အထိ ပေးဆောင်ရမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP က ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က အမိန့်ထုတ်ထားပါတယ်။

“သူတို့ ညဘက်တွေမှာဆို စစ်တယ်။ ဟိုတလောလည်း စယ်လန့်ရွာဘက်မှာ သူတို့ စစ်‌နေကြတာ။ လမ်းဆုံတဲ့နေရာနဲ့ လမ်းကြား‌တွေမှာ သူတို့စစ်လေ့ရှိတယ်။ ကြားရတာတော့ ၃ ယောက် ၄ ယောက် ဖမ်းမိတယ် ပြောတာပဲ။ အဲဒီဖမ်းမိတဲ့သူ‌တွေကလည်း နမ့်လောင်းက ရွာခံတွေကပဲ။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ဘယ်သူမှ မူးယစ်ဆေးဝါး မသုံးရဘူး။ ပစ္စည်းလည်း မခိုးရဘူး။ ရွာအတွင်းနဲ့ ရွာအပြင်တွေမှာလည်း မူးယစ်ဆေးဝါး လုံးဝရောင်းဝယ်ဖောက်ကားတာ မပြုလုပ်ရဘူးလို့ သူတို့ကြေညာချက်မှာ ပါတယ်” လို့ နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေ ဖမ်းဆီးရမိရင် ဒဏ်ငွေ ကျပ်သိန်း ၁၀၀ ပေးဆောင်ရမှာဖြစ်သလို သုံးစွဲတဲ့သူကို ဖမ်းဆီးရမိပါက ဒဏ်ငွေ သိန်း ၃၀ ပေးဆောင်ရမယ့်အပြင် SSPP တပ်ရဲ့ စစ်မှုထမ်းတပ်သားအဖြစ်လည်း ပို့ဆောင်ခံရမှာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်ဖောက်ကားသူထဲက အသက် ၅၀ ကျော်ရှိတဲ့သူတွေကို ဖမ်းဆီးရမိရင် တစ်သက်တာ စစ်မှုထမ်း တပ်သားအဖြစ် ပို့‌ဆောင်သွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မူဆယ်မြို့နယ် မန်ဟိုင်းအုပ်စု မန့်စန်ရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က SSPP တပ်ဟာ ဂိတ် လာဖွင့်ထားပြီး ကုန်ပစ္စည်းနဲ့ ကျွဲနွားတင်တဲ့ ကုန်တင်ကားတွေကိုလည်း တရုတ်‌ငွေ ယွမ် ၁၀၀ ကနေ ၈၀၀ အထိ ကောက်ခံတာလည်း ရှိခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။