ဓာတ်ပုံ – CJ

ပို့လဘား၊ စက်တင်ဘာ ၂၄ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ် မူဆယ်နဲ့နမ့်ခမ်းလမ်းမပေါ်ရှိ မူဆယ်မြို့နယ် မန့်စန်ကျေးရွာမှာ ရှမ်းပြည်တိုးတက် ရေးပါတီ – SSPP တပ်က ဂိတ်ဖွင့်လှစ်ထားပြီး ကုန်ကားသမားတွေဆီကို ငွေ အဆမတန်ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နဲ့ ၂၂ ရက် ညနေ ၆ နာရီဝန်းကျင်မှာ SSPPတပ်သား အယောက် ၅၀ နဲ့ မူဆယ်မြို့နယ် မန်ဟိုင်းအုပ်စု မန့်စန်ကျေးရွာမှာ ဂိတ်လာချထားတာဖြစ်ပြီး ကုန်ပစ္စည်းနဲ့ ကျွဲနွားတင်တဲ့ ကုန်တင်ကားတွေကိုလည်း တရုတ်‌ငွေ ယွမ် ၁၀၀ ကနေ ၈၀၀(ကျပ်ငွေ ၄သိန်းကျော်) အထိ ကောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဟိုတစ်နေ့ညနေမှာ နမ့်ခမ်းဘက်ကနေ စယ်လန့်ဘက် ကျွဲတင်လာတဲ့ကားကို သူတို့ကတရုတ်ငွေ ၈၀၀တောင်းတယ်။ ကျွဲနဲ့နွား ၈ ကောင်တင်လာတယ်ဆိုပြီး တစ်ကောင်ကို ယွမ်၁၀၀ နဲ့ ယူတယ်။ ကုန်ပစ္စည်းဆိုရင် ၆သောင်း၊ ၇သောင်းကောက်တယ်။ သူတို့တောင်းတဲ့ငွေ မပေးရင် အဲနားမှာ သူတို့ပေးမဖြတ်ဘူး။ ကြားတာတော့ အဲဒီအခွန်ကောက်တဲ့ကိစ္စကို သူတို့အထက်ကလူကြီးတွေ လွှတ်လာပြီး ကောက်ခိုင်းတာလို့ ကြားတာပဲ။ ပြီးရင် ဖြတ်ခ ယွမ်၂၀ ယူသေးတယ် “လို့ ပြောပါတယ်။

ကောက်ခံတဲ့အခွန်ငွေပမာဏများနေတာကြောင့် SSPP ဘက်က နေ့စဉ်ပုံမှန် ‌အခွန်ကောက်နေတဲ့အပေါ်မှာ လျှော့ပြီး ကောက်‌ပေးစေချင်တယ်လို့ ကားသမားတွေ တောင်းဆိုနေကြပါတယ်။

ဒါ့အပြင် မနေ့ စက်တင်ဘာ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်မှာလည်း မူဆယ်မြို့ ၁၉ ရွာကနေ အဲဒီမန့်စန်ကျေးရွာဘက်ကို တပ်သား ၁၀ ဦးထက်မနည်း ထပ်မံလာပို့ပေးတာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်ကလည်း နမ့်ခမ်းမြို့နယ်ထဲက ကျေးရွာတစ်ချို့မှာ SSPP တပ်က ဆန်စက်ရုံတွေကို တစ်နှစ်စာအတွက်ဆိုပြီး ဆန် ၆ အိတ်တောင်းခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။