‎လွေးထွေး၊ ဒီဇင်ဘာ ၈ ရက်၊ မူဆယ်

‎မူဆယ်မြို့နယ် စယ်လန့်ရွာအနီးမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ရဲ့ စစ်ဆေးရေးဂိတ်က တအာင်းနှစ်သစ်ကူးပွဲမှ ပြန်လာတဲ့ စယ်လန့်ရွာခံတွေကို ဂိတ်ပေးမဖြတ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

မနေ့ ‎ဒီဇင်ဘာ ၇ ရက် မနက် ၁ နာရီဝန်းကျင်မှာ နမ့်ခမ်းက ကျင်းပတဲ့တအာင်းနှစ်သစ်ကူးပွဲကြည့်ပြီး ဆိုင်ကယ်နဲ့ပြန်လာတဲ့ စယ်လန့်ရွာခံ ၂၀ ဦးကျော်ကို SSPP တပ်က မနက် ၅ နာရီအထိ ဂိတ်အနီးမှာသာ ထိုင်စောင့်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

‎ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသားက “ကလေးတွေရော၊ ဘုန်းကြီးတွေလည်းပါတယ်။ ‌ရွာခံတွေဘဲကိုကွာ ပေးမဖြတ်ဘူးတဲ့။ တခြား ခရီးသည်တွေဘာတွေဆိုရင်တော့ လက်ခံပေးလို့ရတယ်။ ပွဲကနေပြန်လာတာလည်းသူတို့သိတယ် တမင်ပေးမသွားတာ။ ကလေးတွေလည်းပါတော့ အေးမှာစိုးလို့ ဖြတ်ဖို့တောင်းတာကို စကားမများနဲ့။ ထိုင်စောင့်တဲ့”လို့ ပြောပါတယ်။

‎ဒါ့အပြင် ဂိတ်စောင့်တပ်သားတွေကို တောင်းပန်ပြောဆိုခဲ့တဲ့အပြင် ဘုန်းကြီးကိုယ်တိုင်က လာရောက်ပြောဆိုပေးခဲ့ပေမယ့် SSPPဘက်က မရကြောင်းသာပြောပြီး မနက် ၁ နာရီကနေ ၅ နာရီအထိ ၎င်းဂိတ်အနီးမှာသာ နေခဲ့ရကြောင်း သူက ဆိုပါတယ်။

‎အလားတူ ၎င်းနေရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း နမ့်ခမ်းကနေပြန်လာတဲ့ ရွာခံ အမျိုးသားတွေကို စစ်ဆေးပြီး ငွေတောင်းခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။