မိုင်းရူပ၊ ဇူလိုင် ၂၃ ရက်၊ ကျောက်မဲ

စစ်ကောင်စီတပ်ရဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့ပေါ်က ဒေသခံတချို့ဟာ ထွက်ပြေးတိမ်းရှောင်နေကြတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်မဲနဲ့ သီပေါမြို့ပေါ် မနက်ခင်းအစောပိုင်းမှာ မြို့တွင်း ဈေးဝယ်သူတချို့သာ တွေ့ရပြီး ညနေပိုင်းမှာတော့ မြို့တွင်းမှာ တိတ်ဆိတ်နေတယ်လို့ သီပေါဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သီပေါမှာက ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ သီပေါတံတားဘက်ခြမ်းမှာ ရှောင်တာရှိတယ်။ အဲမှာရှောင်တဲ့သူက မနက်ဆို သီပေါဘက် ပြန်လာ။ ညဆို ကိုးကန့်ဘက်ခြမ်း သွားအိပ်တယ်။ လားရှိုး၊ တောင်ကြီးဘက်လည်း ရှောင်တာရှိတယ်”

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ကစပြီး သီပေါနဲ့ ကျောက်မဲမြို့ပေါ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

မနေ့ ဇူလိုင် ၂၂ ရက် ညသန်းခေါင်ယံ ၁၂ နာရီဝန်းကျင်မှာလည်း စစ်တပ်က သီပေါမြို့အနီးရှိ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ၂၃ တပ်စခန်းဟောင်းထဲ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ ၂ ပတ်ကျော်အတွင်း သီပေါမြို့ပေါ် လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့မှာလည်း ပြီးခဲ့တဲ့ ဇွန်လကုန်ကနေ ဇူလိုင် ဒုတိယပတ်အထိ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ ၅၀ နီးပါး ရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း နောင်ချိုမြို့ကို စစ်တပ် ပြန်ထိန်းချုပ်ပြီးနောက် ကျောက်မဲနဲ့ သီပေါကို ပြန်လည် ထိုးစစ် ဆင်လာနိုင်တယ်ဆိုတဲ့ သတင်းကြောင့် လူထုတွေကြား စိုးရိမ်မှု ရှိနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။