ဓာတ်ပုံ – CJ

လွေးလာဝ်ဇာရ်၊ ဩဂုတ် ၁၃ ရက်၊ ‌နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နဲ့ တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်ကြားက ပင်ပေါကျေးရွာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ‌နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဩဂုတ် ၁၃ ရက် မ‌နက်အစောပိုင်း ၁၂ နာရီခွဲအကျော်မှာ ဂျက်လေ‌ယာဉ်နဲ့ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တာကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး လူအထိအခိုက်တော့ မရှိဘူးလို့ ပြောပါတယ်။

ဖြစ်စဉ်သိရှိသူတစ်ဦးက “မနေ့ည လေယာဉ်နဲ့ ဗုံးနှစ်လုံး လာကြဲတာ။ နေအိမ် ၂ လုံးက ပျက်စီးတယ်။ ကျန်တဲ့အိမ်တွေက ပေါက်ကွဲအားကြောင့် တံခါးပေါက်တို့ ဘာတို့ ပျက်စီးတာတော့ ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်ကနေ ဒီနေ့ ဩဂုတ် ၁၃ ရက်အထိ ရွှေဖီမြေ ရရှိထားတဲ့စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သီပေါ၊ ကျောက်မဲနဲ့ မိုးကုတ်က ဒေသခံ ၁၈ ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ၁ နှစ်ကျော်အကြာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်မှာ စစ်ကောင်စီတပ်ထံ ပြန်လည်လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

နောင်ချိုမြို့ကို စစ်တပ်ထံ ပြန်လည်လက်လွှတ်ခဲ့ရပြီးနောက် မိုးကုတ်ဘက်ကိုလည်း စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်လာနေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။