ဓာတ်ပုံ- CJ

ရွှေဖီမြေ၊ ဧပြီ ၁၂ ရက်၊ လားရှိုး

နေအိမ် ပျက်စီးသွားတဲ့ လားရှိုးမြို့က နေအိမ်တွေအတွက် ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က ကိုးကန့်တပ်အနေနဲ့ နေအိမ် ၁ လုံးကို သိန်း ၅၀ ထောက်ပံ့ပေးခဲ့ရာ အဲဒီထောက်ပံ့ငွေကို ရာအိမ်မှူးတချို့က ဖြတ်စားခဲ့တယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ရပ်ကွက်(၁၀) မြို့ဝမ်ရပ်ကွက်ရှိ နေအိမ် ၁ အိမ်ကို ရာအိမ်မှူးဖြစ်သူ ဦးအိုက်ဆမ်က ၂၅ သိန်းပဲ ပေးပြီး ၂၅ သိန်းကို ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

“ငွေပေးတဲ့အချိန်က အဲအိမ်ရှင်က မရှိထားဘူး။ သူက ကိုယ်စားအဖြစ် သွားယူပေးခဲ့တာ။ အိမ်ရှင် ပြန်လာတော့ ၂၅ သိန်းပဲ ပေးတော့တယ်။ ဟိုအိမ်ရှင်ကလည်း ဘာမှ ပြန်မပြောရဲဘူး။ ဒီနေ့အထိပဲ”

ဦးအိုက်ဆမ်ဟာ စစ်ကောင်စီ အုပ်ချုပ်စဉ်ကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်းပြီး ဆန္ဒပြသူနဲ့ CDM တွေကို ဖမ်းတာတွေ ပြုလုပ်ခဲ့ကာ ကိုးကန့်တပ်လက်ထက်မှာလည်း ရာအိမ်မှူးအဖြစ် ထပ်မံ ခန့်အပ်ခံရသူ ဖြစ်ပါတယ်။

“သူ့ကို ရပ်ကွက်ထဲကလူတွေ ကြောက်ကြတယ်။ မပြောရဲကြဘူး။ ပြီးတော့ နောက် ၂ အိမ် ရှိသေးတယ်။ အဲ ၂ အိမ်ကတော့ ၄၅ သိန်း ရကြတယ်။ ဘာဖိုးလဲဆိုတာ့ ပင်ပန်းခပေါ့။ အခြား နေလို့မရတဲ့ အိမ်တွေလည်း ရှိတယ်။ စာရင်းထဲ ပါမသွားဘူး။ အဲဒါကတော့ သက်သက်ပေါ့။ အခု ရာအိမ်မှူးက ကိုးကန့်တွေ ထွက်သွားရင်တောင် ပိုကြောက်ရမယ့်သဘော ရှိတယ်” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။

ကိုးကန့်တပ်ဟာ နေအိမ် ပျက်စီးသွားတဲ့ လားရှိုးမြို့ထဲက နေအိမ် ၃၀၉ အိမ်အတွက် ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး စာရင်းပါပြီး ငွေမရသေးသူတွေအနေနဲ့ ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီ ၁၆ ရက်အထိ လာရောက် ထုတ်ယူလို့ရကြောင်း ပြောဆိုထားပါတယ်။

လာမယ့် ဧပြီ ၂၁ ရက် နောက်ဆုံးထားပြီး လားရှိုးမြို့ကို စစ်ကောင်စီထံ လွှဲပြောင်းပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။