ဓာတ်ပုံ – CJ

ရွှေဖီမြေ၊ နိုဝင်ဘာ ၁၆ ရက်၊ ပေါက်

မကွေးတိုင်း ပေါက်မြို့နယ်ကို မိတ္ထီလာ အခြေစိုက် စစ်ကောင်စီတပ်ရဲ့ တပ်မ ၉၉ ကနေ အင်အား ၄၀၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ဦး သေဆုံးခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မနေ့ နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ မှာ အဆိုပါစစ်ကြောင်းက ဆိပ်ဖြူမြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂) ကနေတဆင့် ပေါက်မြို့နယ်ကို စတင်ဝင်ရောက်လာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တပ်မ ၉၉ လက်အောက်ခံတပ်ရင်းဖြစ်တဲ့ အမှတ် (၁၄) ခြေမြန်တပ်ရင်း (ခမရ – ၁၄)၊ (ခမရ ၁၉) နဲ့ (ခမရ ၁၀၉) စတဲ့ တပ်ရင်း ၃ ရင်းနဲ့ ပေါက်မြို့နယ်တောင်ပိုင်း ကျေးရွာတွေကို စစ်ကြောင်း ၃ ကြောင်းနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကြောင်း ၃ ကြောင်းထဲက အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကြောင်းတစ်‌‌ကြောင်းနဲ့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ဟာ နိုဝင်ဘာ ၃ ရက်မှာ ကျောက်ကာကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒါအပြင် နိုဝင်ဘာ ၅ ရက်နေ့မှာလည်း ပေါက်မြို့နယ်တောင်ပိုင်း ယောချောင်းအနီးမှာ တိုက်ပွဲထပ်မံဖြစ်ပြီးခဲ့ပြီး အဆိုပါတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား ရုပ်အလောင်း ၇ လောင်းနဲ့အတူ စစ်လက်နက်ပစ္စည်းနဲ့ ခဲယမ်းတချို့ကိုပါ သိမ်းဆည်းရမိတယ်လို့ ‌ဖော်ပြထားပါတယ်။

‌၎င်းတိုက်ပွဲမှာ စစ်ကောင်တပ်ထံမှ MA 1 – ၂လက်၊MA 2 -၁လက်၊ MA 3 -၁လက်၊ ကာဗိုင်သေနတ်-၁လက်၊ MA ဘောက်ဝိုင်း -၃ ခု MAဘောက် ၁၉ ခု၊ ကျည်အမျိုးမျိုး ၁၅၀၀ ခန့်၊ 60mm ၅ဖူး၊ RPG ၇ ဖူး၊ အီနာဂါ ၁၀ ဖူး၊ တိုက်မိုင်း ၆လုံး၊ နင်းမိုင်း ၅လုံး၊ ဘစလစ်မိုင်း ၅ လုံး၊ လက်ပစ် ၆ လုံး၊ ဆက်သွယ်ရေး စက်အကြီး ၁လုံး (စကားပြောစက် ၂ခု)၊ ကွန်ပျူတာ ၁လုံး၊ Bluetooth Box တစ်လုံး၊ ရေချိုင့် ၂ လုံး၊ ဓား ၃ လက်၊ဖုန်း ၂ လုံး စစ်သုံး ပိုးအိတ် ၁၃ လုံး၊ ခေါက်ဆိုလာ ၂ ခု ၊မီးကြိုးခွေ ၃ ခု၊ Power Bank ၁လုံး အပါ အဝင် ဆက်စပ်ပစ္စည်းတချို့တွေပါ သိမ်းဆည်းရမိခဲ့ပါတယ်။

၎င်းတိုက်ပွဲတွေကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ ပေါက်-ဆိပ်ဖြူ တပ်ရင်းစုဖွဲ့မှုနဲ့ MGY PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။