ဓာတ်ပုံ- Local

‎ခိုင်လေး၊ ဇွန်လ ၂ ရက်၊ ကျောက်မဲ

‎ဒီရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တအာင်းတပ် ထိန်းချုပ်ရာ ရှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းလုံမြို့နဲ့ ပန်ဆန်းရွာကြားမှာရှိတဲ့ ကားလမ်းတွေ ပျက်စီးနေတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎ပြီးခဲ့တဲ့ မေလ ၂၂ ရက်ခန့်ကစပြီး ဒီနေ့ ဇွန်လ ၂ ရက်အထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေကြီး ဖို့ထားတဲ့ မိုင်းလုံလမ်းဟာ ရွံ့နွံ ဖြစ်သွားတဲ့အတွက် ကုန်ကားတွေ နစ်မြှုပ်နေတာ ရှိတယ်လို့ ၎င်းက ပြောဆိုပါတယ်။

‎”မေလတုန်းကဘဲ မြေကြီးတွေ ဖို့တာ။ ဖို့တုန်းကတော့ အသွားအလာ လုပ်ရတာ အဆင်ပြေတယ်။ အခုရက်ပိုင်းက မိုးတွေ အရမ်းရွာတော့ ရွံ့တွေ ဖြစ်ကုန်တာလေ။ လမ်းကတော့ အရမ်းဆိုးတယ်။ ချိုင့်တွေကော ရွံ့တွေကောဘဲ ကုန်ကားတွေ သွားရင်တော့ နစ်တယ်။ အဲလိုကြတော့ ကားအကြီး တစ်စီးနဲ့တစ်စီး ပြန်ဆွဲ‌ပေးရတာမျိုး‌တော့ ရှိတာပေါ့။ ရိုးရိုးကား အိမ်စီးကားတို့ဆိုရင် သိပ်မနစ်ဘူး နည်းနည်းတွန်းပေးရင်ရတယ်။ ကားတွေ ပိတ်တာတော့ ရှိတယ်။ နေ့တစ်ပိုင်းလောက် စောင့်ရတာမျိုး ရှိတာပေါ့”

‎မိုင်းလုံမြို့နဲ့ ပန်ဆန်းရွာကြားမှာရှိတဲ့လမ်းဟာ အရင်က လမ်းကြမ်းပေမဲ့ အသွားအလာ လုပ်ရတာ အဆင်ပြေပေမဲ့ မြေကြီး ဖို့ပြီးနောက် မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် လမ်း ချော်ပြီး အသွားအလာ လုပ်ရတာ ခက်ခဲလာတယ်လို့ ဆိုပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုတာ၊ လမ်းချော်တာတွေကြောင့် ခရီးသည်ယာဉ်ဖြစ်ဖြစ် ကုန်တင်ယာဉ်ဖြစ်ဖြစ် ‎ကားကို အရှိန်နဲ့မမောင်းဖို့နဲ့ ဂရုတစိုက် မောင်းဖို့ကိုလည်း ကားသမားအချင်းချင်း သတိပေးနှိုးဆော်နေကြပါတယ်။

‎ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတာကြောင့် ဒီနေ့လယ်ကနေ နောက် ၂၄ နာရီအတွင်း မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးထစ်ချုန်းရွာပြီး နေရာကွက်ပြီးတော့ မိုး ကြီးနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။