ဓာတ်ပုံ- လားရှိုး ပြန်လည်ထူထောင်ရေး (လားရှိုးပြည်သူ့ဆေးရုံထဲ မျက်စိအတွင်းတိမ်သူတွေကို ကုသပေးစဉ်)

မိုင်းပန်ပျော်၊ မတ်လ ၂၅ ရက်၊ လားရှိုး

ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုး ပြည်သူ့ဆေးရုံမှာ လူနာတွေဟာ တစ်ညကို ၁ သောင်းခွဲကနေ ၅ သောင်းအထိ ပေးနေရတာကြောင့် ဒေသခံတွေ အခက်အခဲ ကြုံနေရပါတယ်။

လားရှိုး ပြည်သူ့ဆေးရုံမှာ ညအိပ်ပြီး ကုသမယ်ဆိုရင် အများသုံးကုတင်အတွက် တစ်ည ၁ သောင်းခွဲ၊ သီးသန့်အခန်းတွေကတော့ တစ်ည ၅ သောင်း ပေးရတာကြောင့် ဒေသခံတချို့က ငွေ မတတ်နိုင်တာကြောင့် ကိုယ့်အိမ်မှာ‌ဘဲ ကုသရတာ ရှိတယ်လို့ ‌အမည်မဖော်လိုတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ပြောမယ်ဆိုရင်တော့ ဟိုတုန်းကထက်စာရင် ပိုက်ဆံ တော်တော်ကုန်‌တာပေါ့လေ။ အခုသူတို့က ညအိပ်ခ ၁ သောင်းခွဲအထိ ယူတယ်ပေါ့နော်။ ရှယ်ခန်းဆိုရင် ၅ ‌သောင်း ရိုးရိုးကုတင် အများသုံး ကုတင်ဆိုရင် ၁ သောင်းခွဲပေါ့။ မတတ်နိုင်တဲ့လူတွေ ရှိတာပေါ့။ ရောဂါဖြစ်ပေမဲ့ ကိုယ့်ဟာအိမ်မှာပဲ ကြိတ်မိတ်ပြီး ကုနေတဲ့ဟာလည်း ရှိတယ်”

လားရှိုးက ဒေသခံတွေဟာ အလုပ်အကိုင် ရှားပါးမှု ကြုံနေရတာကြောင့် ငွေကြေး အခက်အခဲ ကြုံနေရချိန်မှာ ဆေးရုံစရိတ်‌ တတ်နိုင်သလောက် လျှော့ပေးစေချင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

လားရှိုး ပြည်သူ့ဆေးရုံနဲ့ နီးစပ်သူတစ်ဦးကတော့ တစ်ညအိပ် ၁ သောင်းခွဲဆိုတာ ညအိပ်ခ မဟုတ်ဘဲ ရောဂါ လာစစ်ဆေးပေးတဲ့ ဆရာဝန်နဲ့ သန့်‌ရှင်းရေးအတွက် ကောက်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။

“တစ်သောင်းခွဲဆိုတာက ဆရာဝန်တွေ လိုက်ကြည့်ပေးတဲ့တာက အထူးကုဆရာဝန်‌တွေ ပါတယ်။ ပြီးတော့ သန့်ရှင်းရေးခတွေ အကုန်လုံးမှ တစ်ရက် တစ်သောင်းခွဲ တောင်းတာ”

သီးသန့်ခန်း တစ်ခန်းအတွက် တစ်ည ၅ သောင်းက ဘာကြောင့် ပေးရလဲဆိုတာကိုတော့ ၎င်းအနေနဲ့လည်း အတိအကျ မသိသေးဘူးလို့ ပြောပါတယ်။

လားရှိုး ပြည်သူ့‌ဆေးရုံကို ပြီးခဲ့တဲ့ ၂ဝ၂၄ ဩဂုတ် ၁၄ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၈ လအကြာမှာ အခုလို အခြေအနေ ကြုံလာရတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။