မိုင်းရူပ၊ ဒီဇင်ဘာ ၂၇ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီ ဦးဆောင် ကျင်းပမယ့် ရွေးကောက်ပွဲအတွင်း မဖြစ်မနေမဲလာပေးဖို့ မြို့ခံတွေ ဖိအားပေးခံနေရတယ်လလို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ လားရှိုးမြို့အတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေကို လိုက်လံဝေပေးနေပြီး မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်မှာ မ​ဖြစ်မနေမဲလာပေးဖို့ ပြောသွားတယ်လို့ လားရှိုးမြို့ခံအမျိုးသားတစ်ဦးက ရွှေဖီ​​မြေကို ပြောပါတယ်။

” မဖြစ်မနေ မဲလာထည့်ရမယ်။ မထည့်လို့မရဘူးတဲ့။ မဲပေးရမယ့် ကဒ်ကို တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ပေးနေတယ်။ ကျနော်တို့ မဲထည့်ပြီးရင် မဲထည့်ပြီးကြောင်း ထုထားတဲ့တံဆိပ်တုံးကို နယ်မြေမှူးဆီ ပြန်လာပေးရမယ်။ မဲလည်းခိုင်းချင်သေးတယ်။ ဘာမှလည်း လွတ်လပ်ခွင့်မပေးဘူး” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့လားရှိုးမြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွေးကောက်ပွဲမဲသွားသူတွေအနေနဲ့ ဖုန်းအပါအဝင် အန္တရာယ်​​ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေယူမသွားဖို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသွားတယ်လို့ ၎င်းက ဆက်​ပြောပြပါတယ်။

ဒါ့အပြင် မဲရုံပြုလုပ်နေရာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးတင်းကြပ်ထားတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီက ရွေးကောက်ပွဲ ပထမပိုင်းအဖြစ် မြို့နယ်ပေါင်း ၁၀၂ မြို့မှာ ရွေးကောက်ပွဲကျင်းပသွားမှာ ဖြစ်ပါတယ်။

ရှမ်းမြောက်မှာတော့ ရွေးကောက်ပွဲပထမအပိုင်းမှာလားရှိုး၊ မူဆယ်၊ နောင်ချိုမြို့နယ်တွေ ပါဝင်ပါတယ်။

လားရှိုးနဲ့ မူဆယ်မြို့ ရွေးကောက်ပွဲမှာ စစ်ကောင်စီရဲ့ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ-USDP၊ ပြည်သူ့ရှေ့ဆောင်ပါတီ- PPP နဲ့ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ- SNDP တို့ ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။