ဓာတ်ပုံ – SPM

မိုင်းရူပ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ နောင်ချို

တအာင်းတပ်မတော်- TNLA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ TNLA က လက်လွှတ်ထားရတဲ့ နေရာတချို့မှာ ထိုးစစ်ဆင်တာတွေ ပြန်လုပ်နေပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၂ ရက်ကစပြီး တောင်ရှည်နဲ့ မန်မော်ရွာကြားက လက်လွှတ်ထားရတဲ့ ဆယ်တောင်ပြည့်ကုန်းကို ထိုးစစ်ဆင်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။ မနေ့က ဆယ်တောင်ပြည့်ကုန်းမှာ တိုက်ပွဲ ပြင်းထန်နေတယ်။ ဆယ်တောင်ပြည့်ကုန်းက မန့်မော်နဲ့ လောင်းရှည်ရွာကြားမှာ ရှိတယ်။ အဲနားမှာ မန်မော်ကုန်းနဲ့ ဆယ်တောင်ပြည့်ကုန်း ရှိတယ်”

တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှု ပိုမိုအသုံးပြုလာပြီး တိုက်ပွဲအတွင်း အထိအခိုက် များတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

တောင်းခမ်းရွာမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ်အပါအဝင် အမြှောက်တပ်တပ်စခန်းတွေဖြစ်တဲ့ အမတ ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားတာဖြစ်ပြီး တောင်းခမ်းမှာ စစ်တပ်နဲ့ TNLA အကြား တိုက်ပွဲ ပြင်းထန်နေတာ ၆ လကျော်ကြာ ရှိနေပြီ ဖြစ်ပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ TNLA အကြား ဆွေးနွေးပွဲရလဒ်မထွက်ဘဲ ပြီးဆုံးပြီးနောက် စစ်တပ်ဟာ TNLA ထိန်းချုပ်ဒေသကို ထိုးစစ်ဆင်နေသလို လေကြောင်း တိုက်ခိုက်မှုလည်း နေ့စဉ်လိုလို ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကနေ မနေ့ ဖေဖော်ဝါရီ ၂၂ ရက်အထိ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ နောင်ချိုနဲ့ မိုးမိတ်မြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇ ဦးနဲ့ ဒဏ်ရာရသူ ၁၈ ဦးအထိ ရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။