ဓာတ်ပုံ – Local

လွေးထွေး၊ မတ်လ ၁ ရက်၊ ပြင်ဦးလွင်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ပေါ်ရှိ နေအိမ်တချို့က စစ်မှုထမ်း ကင်းလွတ်ခွင့်ရဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို သိန်း ၈၀ ကနေ သိန်း ၁၀၀ ကြားအထိ ပေးနေရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယအပတ်ကတည်းက ပြင်ဦးလွင်မြို့မှာ စစ်တပ်က စစ်မှုထမ်း အပတ်စဉ်(၁၁)အတွက် စကောက်နေတာ ဖြစ်ပါတယ်။

ဖြစ်စဉ်ကိုသိရှိသူ ပြင်ဦးလွင်မြို့မှ ဒေသခံ အမျိုးသားက “မြို့ပေါ်က ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းတွေက ပိုက်ဆံ ပေးကြတယ်။ မြို့ပေါ်လည်း ပိုက်ဆံ မရှိရင် ခေါ်သွားတဲ့အထဲ ပါသွားတာဘဲ။ အဓိက အုပ်ကြီးတွေက လုပ်စားနေတာပေါ့” လို့ ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် ညတိုင်း မြို့ပေါ်က ရပ်ကွက်တချို့မှာ စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး နေအိမ်အထိ ဝင်ရောက်ခေါ်ဆောင်တာအပြင် ဧည့်စာရင်း သွားတိုင်သူတချို့ကိုလည်း ဖမ်းဆီးတာတွေ လုပ်ဆောင်နေကြောင်း သူက ဆက်ပြောပါတယ်။

ပြင်ဦးလွင် ရပ်ကွက်ကြီး ၇ နေ အမျိုးသမီးကလည်း “ဒီတစ်လအတွင်းမှာ သူတို့က တွေ့ရင်တွေ့သလို လူဖမ်းတယ်။ အဓိက စစ်မှုထမ်းဖို့ အရွယ်ကောင်းတဲ့ လူငယ် အမျိုးသားတွေကိုပေါ့။ ရပ်ကွက်ထဲက တချို့ငွေရှိကြတဲ့အိမ်ဆို သွားစရာ မလိုဘူး။ အုပ်ကြီးနဲ့ အဆင်ပြေရင်ကို သွားစရာ မလိုတော့တာ” လို့ ပြောပါတယ်။

လာမယ့် မတ်လအတွင်း စစ်မှုထမ်း အပတ်စဉ်(၁၁)ကို ဖွင့်လှစ်နိုင်ဖို့ စစ်တပ်က ပြင်ဦးလွင်အပြင် ပြည်နယ်နဲ့ တိုင်းတချို့မှာ အရပ်သားတွေကို စစ်မှုထမ်းဖို့ အပူတပြင်း စုဆောင်းနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။