လွေးထွေး၊ ဖေဖော်ဝါရီ ၄ ရက်၊ တာချီလိတ်

ရှမ်းအရှေ့ တာချီလိတ်မြို့က ရပ်ကွက်တချို့နဲ့ ကားအရောင်းဆိုင်တချို့မှာ ရဲတပ်ဖွဲ့ဝင်က ဝင်ရောက် စစ်ဆေးပြီး လိုင်စင်မဲ့ ကားတွေကို ဖမ်းနေတယ်လို့ မြို့ခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ တာချီလိတ်မြို့က ရဲတပ်ဖွဲနဲ့ ကျိုင်းတုံ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး တာချီလိတ်ရှိ AAA ကားအရောင်းပြခန်းအပြင် တခြားသော ကားအရောင်းပြခန်းနဲ့ တာလော့ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်မှ နေအိမ်တချို့က လိုင်စင်မဲ့ ကားတွေကို ဖမ်းနေတာပဲ ဖြစ်ပါတယ်။

တာလော့ရပ်ကွက်နေ အမျိုးသားတစ်ဦးက “မနေ့ နေ့လယ်ပိုင်းလောက် ဝင်စစ်တာ စလုပ်တယ်။ ကျနော်တို့ အိမ်ကတော့ မပါဘူး။ တချို့အိမ်က ကားတွေတော့ မောင်းမောင်းထွက်သွားတာ တွေ့ရတယ်။ ပတ်ဝန်းကျင်က ပြောတာတော့ လိုင်စင်မဲ့တွေ ဖမ်းတာတဲ့။ အရေအတွက်ကိုကျတော့ ဘယ်သူမှ မသိနိုင်ဘူး” လို့ ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ စဖမ်းတာဖြစ်ပြီး ဆက်လက် ဖမ်းဆီးစစ်ဆေးသွားမယ်လို့ နောက်ထပ် မြို့ခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အခုလို လိုင်စင်မဲ့ ဖမ်းမယ်ဆို တစ်မြို့လုံးနီးပါး ဖမ်းရမှာပေါ့။ ဒီမှာက အခြေခံ လက်လုပ်လက်စားသမားပဲ။ လိုင်စင်ကားတော့ စီးနိုင်တဲ့လူ ရှားတယ်။ အဲဒီလိုက်ဖမ်းနေတဲ့ လူတွေကရော ဘာကားစီးလဲ မေးချင်တယ်”

တာချီလိတ်မြို့မှာ လိုင်စင်မဲ့ကားကို ရဲက ဖမ်းဆီးစစ်ဆေးတာဟာ ဟန်ရေးပြသက်သက်သာဖြစ်ပြီး စစ်ဆေးဖမ်းဆီးတဲ့သူကိုယ်တိုင်က လိုင်စင်မဲ့ကား စီးနေကြကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နောက်ဆုံးလကလည်း ရှမ်းမြောက်က စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်နဲ့ တခြားမြို့မှာ စစ်တပ်နဲ့ ရဲက လိုင်စင်မဲ့ကား ဖမ်းဆီးထိန်းသိမ်းထားပြီး ပိုင်ရှင်တွေက ငွေကျပ်သိန်း ဆယ်နဲ့ချီ ပြန်ရွေးယူရတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။