ဓာတ်ပုံ – SPM

မိုင်းရူပ၊ ဇန်နဝါရီ ၁၄ ရက်၊ လောက်ကိုင်

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့်ဒေသမှာ တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ လူထုတွေကို ခြေတု လက်တု အခမဲ့ တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။

ကိုးကန့်ဒေသ ကျန်းမာရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဘသက်ကို လားရှိုး ပြန်လည်ထူထောင်ရေးအဖွဲ့က တွေ့ဆုံမေးမြန်းစဉ် ဒေါက်တာ ဘသက်က အခုလို ပြောကြားခဲ့ပါတယ်။

“စစ်ဒဏ်နဲ့ မြေမြှုပ်မိုင်းကြောင့် ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဒီနှစ်ဆန်းပိုင်းကနေ စပြီးတော့ ခြေတု လက်တု အခမဲ့ တပ်ဆင်ပေးခြင်းလုပ်ငန်းကို လုပ်ဆောင်ပေးသွားမှာဖြစ်တယ်” လို့ ဒေါက်တာ ဘသက်က ပြောပါတယ်။

ဒ့ါအပြင် ကိုးကန့်ဒေသအတွင်း ကျန်းမာရေးလုပ်ငန်းတွေကို အဆင့်မြှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး လူငယ်မျိုးဆက်သစ် ဆရာဝန်တွေကို အဆင့်မြင့် ဆေးပညာရပ် သင်ကြားနိုင်အောင် စီစဉ်ပေးသွားမယ်လို့ ဒေါက်တာ ဘသက်က ဆက်ပြောပါတယ်။

လားရှိုး ပြန်လည်ထူထောင်ရေးရဲ့ တာဝန်ရှိသူတစ်ဦးကလည်း ကိုးကန့်ဒေသထဲက တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ လူထုအားလုံးကို ခြေတု လက်တု တပ်ဆင်ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေးလို့ ခေါင်းစဉ် မတပ်ထားဘူး။ အဓိကတော့ တိုက်ပွဲကာလပဲဖြစ်ဖြစ် လေယာဉ်ဒဏ်ကြောင့်ပဲဖြစ်ဖြစ် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့သူတွေအတွက် အဓိကပေါ့”

MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ သိန္နီ၊ ကွမ်းလုံ၊ လားရှိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုးနဲ့ တာမိုးညဲ စတဲ့မြို့ ၉ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။