ဓာတ်ပုံ – SPM

မိုင်းရူပ၊ ဇန်နဝါရီ ၁၄ ရက်၊ လောက်ကိုင်

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့်ဒေသမှာ တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ လူထုတွေကို ခြေတု လက်တု အခမဲ့ တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။

ကိုးကန့်ဒေသ ကျန်းမာရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဘသက်ကို လားရှိုး ပြန်လည်ထူထောင်ရေးအဖွဲ့က တွေ့ဆုံမေးမြန်းစဉ် ဒေါက်တာ ဘသက်က အခုလို ပြောကြားခဲ့ပါတယ်။

“စစ်ဒဏ်နဲ့ မြေမြှုပ်မိုင်းကြောင့် ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဒီနှစ်ဆန်းပိုင်းကနေ စပြီးတော့ ခြေတု လက်တု အခမဲ့ တပ်ဆင်ပေးခြင်းလုပ်ငန်းကို လုပ်ဆောင်ပေးသွားမှာဖြစ်တယ်” လို့ ဒေါက်တာ ဘသက်က ပြောပါတယ်။

ဒ့ါအပြင် ကိုးကန့်ဒေသအတွင်း ကျန်းမာရေးလုပ်ငန်းတွေကို အဆင့်မြှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး လူငယ်မျိုးဆက်သစ် ဆရာဝန်တွေကို အဆင့်မြင့် ဆေးပညာရပ် သင်ကြားနိုင်အောင် စီစဉ်ပေးသွားမယ်လို့ ဒေါက်တာ ဘသက်က ဆက်ပြောပါတယ်။

လားရှိုး ပြန်လည်ထူထောင်ရေးရဲ့ တာဝန်ရှိသူတစ်ဦးကလည်း ကိုးကန့်ဒေသထဲက တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ လူထုအားလုံးကို ခြေတု လက်တု တပ်ဆင်ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေးလို့ ခေါင်းစဉ် မတပ်ထားဘူး။ အဓိကတော့ တိုက်ပွဲကာလပဲဖြစ်ဖြစ် လေယာဉ်ဒဏ်ကြောင့်ပဲဖြစ်ဖြစ် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့သူတွေအတွက် အဓိကပေါ့”

MNDAA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ သိန္နီ၊ ကွမ်းလုံ၊ လားရှိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုးနဲ့ တာမိုးညဲ စတဲ့မြို့ ၉ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။