ဓာတ်ပုံ- Google (ပုံဟောင်း)

လွေးထွေး၊ ‌မတ်လ ၂ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ် သုံးဆယ်ရွာ ကွင်းလမ်းအကျော်က စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ ခရီးသည်ကားနဲ့ ကုန်ကားတချို့ဟာ ၅ သောင်းကနေ ၂ သိန်းအထိ ပေးနေရတယ်လို့ ကိုယ်တိုင် ပေးဆောင်ခဲ့ရသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နဲ့ မနေ့ မတ်လ ၁ ရက်မှာ စစ်တပ်က ခရီးသည်ကားတစ်စီးကို ကျပ် ၅ သောင်းနဲ့ ကုန်တင်ကားတစ်စီးကို ကျပ် ၂ သိန်းအထိ တောင်းခံနေတာပဲ ဖြစ်ပါတယ်။

ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ အမျိုးသားက “သူတို့(စကစ) လူပြောင်းသွားသလိုဘဲ အရင်က စစ်နေတဲ့သူ မဟုတ်ဘူး။ အရင်ကလည်း ငွေ ပေးရတယ်။ ထောင်ဂဏန်း သောင်းဂဏန်းဘဲ။ အခုက ကားကြီးကို ၂ သိန်းဆိုတော့ များတာပေါ့” လို့ ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်က ငွေ တောင်းပေမဲ့ ပြေစာလည်း မရသလို အခွန်ကောက်ခံတာမျိုးလည်း မဟုတ်ဘဲ ဖြစ်သလိုသာ ငွေတောင်းနေတာကြောင့် ခရီးသွားအတွက် အခက်အခဲ ဖြစ်စေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

နမ့်ဆန်မြို့နယ်မှ မန္တလေးမြို့သို့ ခရီးသွားသူ အမျိုးသမီးက “မနေ့က ဆင်းလာတာ ဟုတ်တယ် ဂိတ်တိုင်း တားတယ် စစ်တယ်။ ကားဆရာတွေ ပိုက်ဆံ ပေးနေရတာ တွေ့တယ်။ အဲဒီကွင်းလမ်းအကျော်နဲ့ ထင်းရှူးတောထဲမှာ အများကြီး ပိုပေးရတာတွေ့တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နောင်ချိုနဲ့ ပြင်ဦးလွင်ကြားက စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ဖြစ်တဲ့ ဝက်ဝံဂိတ်မှာလည်း ဖြတ်သန်းသွားလာတဲ့ ခရီးသည်ကားနဲ့ ကုန်ကားတွေကို စစ်ဆေးမှု ကြမ်းတမ်းတာ၊ ငွေညစ်တာတွေလည်း ရှိနေတယ်လို့ ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နောင်ချိုနဲ့ မန္တလေးမြို့အထိ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ် ၈ ခုဝန်းကျင်ရှိပြီး ဂိတ်တိုင်းကို ငွေ ပေးနေရတယ်လို့ ကားသမားတွေက ရွှေဖီမြေသို့ ပြောဆိုပါတယ်။

စစ်တပ် ထိန်းချုပ်ထားတဲ့ မြို့တွေဖြစ်တဲ့ မူဆယ်၊ မိုင်းရယ်၊ တန့်ယန်းနဲ့ နမ့်လန်မြို့မှာလည်း စစ်ကောင်စီတပ်က ဒေသခံလူထုတွေကို စစ်ဆေး ဖမ်းဆီးတာနဲ့ ငွေတောင်းတာတွေလည်း မကြာခဏ လုပ်ဆောင်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။