ဓာတ်ပုံ- Local

မိုင်းရူပ၊ ဧပြီ ၂၂ ရက်၊ လားရှိုး

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီတပ် ပြန်အုပ်ချုပ်မယ့် ရှမ်းမြောက် လားရှိုးမြို့ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ယာဉ်တန်း ၇၅ စီးကျော် ထပ်မံ ဝင်ရောက်လာနေတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဧပြီ ၂၂ ရက် မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ ယာဥ်တန်းဟာ မိုင်းရယ်ကနေ လားရှိုးမြို့တွင်းထဲ ဝင်ရောက်နေတာလို့ ဆိုပါတယ်။

“မြို့ထဲအထိ ရောက်လာတာ ၄ စီး ရှိပြီ။ စားစရာ ရိက္ခာနဲ့ ဝန်ထမ်းတွေ သယ်လာတာ။ ကိုးကန့်တပ်တွေလည်း မြို့ထဲမှာ အများကြီး ရှိသေးတယ်” လို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြို့တွင်းမှာ ဒေသခံတွေ ပုံမှန်သွားလာနေကြတာ တွေ့ရပြီး တစ်ကျော့ပြန် စစ်ပွဲ ပြန်ဖြစ်မှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

“ယာဉ်တန်းထဲမှာ ရိက္ခာကော၊ လူကော အစုံပါတယ်။ ကားအကြီးအသေး ၇၅ စီးကျော်တယ်” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

လားရှိုး အကျဥ်းထောင်က ကိုးကန့်တပ် ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းနဲ့ အကျဥ်းသားတချို့ကို MNDAA က မနေ့ ဧပြီ ၂၁ ရက်မှာ ပြန်လွတ်ပေးခဲ့ပြီး ကျန်တဲ့ စစ်သုံ့ပန်းတွေကို လောက်ကိုင်ဘက် ရွှေ့ပြောင်းခဲ့တယ်လို့ MNDAA နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ MNDAA အကြား အပစ်ရပ်ဖို့ သဘောတူခဲ့ပြီးနောက် ကိုးကန့်တပ်ဟာ လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

လားရှိုးမြို့မှာ တရုတ်နိုင်ငံရဲ့ အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့ ရောက်ရှိနေပြီး တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန်ရှီကျွင်းလည်း လားရှိုးမြို့သို့ ရောက်ရှိနေပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ နွေဦးတော်လှန်ရေးတပ်တွေက ပူးပေါင်းပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။