ဓာတ်ပုံ- FYO

လွေးဇွန်မိုး၊ ဩဂုတ် ၂၁ ရက်၊ နောင်ပိန်

တအာင်းတပ်မတော်- TNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ရွာကနေ လားရှိုးမြို့ထဲ စစ်ရှောင်လာတဲ့ ဒေသခံ ၇၀ နီးပါးအတွက် စားနပ်ရိက္ခာ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

မနေ့ ဩဂုတ် ၂၀ ရက်နဲ့ ဒီနေ့ ဩဂုတ် ၂၁ ရက်အထိ နောင်ပိန်ရွာကနေ လားရှိုးမြို့ထဲ စစ်ဘေးရှောင်လာတဲ့ ဒေသခံ ၇၀ နီးပါး ရှိလာပြီလို့ FYO အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သူတို့အကုန်လုံးက ဆေးရုံမှာပဲ လူနာစောင့်အနေနဲ့ပေါ့။ သူတို့ ရွာသူရွာသားတွေအချင်းချင်း ပြန်စောင့်ကြတဲ့ပုံစံပေါ့။ လတ်တလောတော့ ဆေးရုံမှာပဲ။ ကျနော်တို့ နေရာထိုင်ခင်း စီစဉ်ပေးနေတယ် အခုတော့။ စားဖို့သောက်ဖို့လည်း ကျနော်တို့ အဓိက တာဝန်ယူထားတာပေါ့”

လက်ရှိမှာတော့ စစ်ရှောင်တွေ စားသောက်ဖို့အတွက် FYO အသင်းက ကူညီပေးထားပြီး နေရာထိုင်ခင်းအတွက်လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေ နေ့စဉ် စားသောက်ဖို့အတွက် စားသောက်ကုန် အရေးပေါ် အကူအညီ လိုအပ်နေပြီး စစ်ရှောင်တွေကို ကူညီချင်သူတွေအနေနဲ့ FYO အသင်းဖုန်း ၀၉-၉၈၀ ၅၉၅ ၃၀၇ ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

စစ်ရှောင်လာသူ ၇၀ ဦးထဲ ကလေး ၆ ဦးအပါအဝင် ၃၄ ဦးဟာ ဒဏ်ရာရထားသူတွေဖြစ်ပြီး လားရှိုး ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

စစ်တပ်နဲ့ TNLA တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် နောင်ပိန်ရွာအပြင် ဇီးပင်၊ ပင်ပေါ၊ ပင်တိန်၊ ပင်တီး၊ ကျောင်းကုန်း၊ ဖီသစ်၊ ခေးနင်းနဲ့ လွယ်ကုန် စတဲ့ကျေးရွာက ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။