ရွှေဖီမြေ၊ နိုဝင်ဘာ ၄ ရက်၊ နမ္မတူ

ဒီနေ့ နိုဝင်ဘာ ၄ ရက် မနက်အစောပိုင်းမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူ-မန်တုံလမ်းနဲ့ နမ္မတူ-မိုင်းဘော်လမ်း သွားလာလို့ မရသေးကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နမ္မတူ-မန်တုံလမ်းမှာတော့ မြေပြိုမှု လမ်းတစ်လျှောက်မှာ ဖြစ်နေပေါ်နေပြီး နမ္မတူ-မိုင်းဘော် လမ်းမှာတော့ ရေကြီးရေလျှံမှု ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

“နမ္မတူ-မန်တုံလမ်းကတော့ ၃ မိုင်ကနေ ၁၁ မိုင်အထိ မြေတွေ ရှယ်ပြိုထားတာ။ တအာင်းတပ်ကတော့ ဘက်ဖိုးတွေနဲ့ ရှင်းပေမဲ့ တစ်လျှောက်လုံးမှာ ဖြစ်နေတော့ အခုလောလောဆယ် သွားလာလို့ မရသေးဘူး။ နမ္မတူ-မိုင်းဘော်ကျတော့ ရေကြီးနေတာ။ မိုင်းစိန်ချောင်းမှာ ကြီးနေတာ။ လယ်တွေရော ရိတ်ထားတဲ့ စပါးတွေရော မြှုပ်ကုန်တာ” လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ပြောပါတယ်။

မိုင်းစိန်ချောင်း ရေကြီးမှုမှာ တံတားအထိ ရေ ရောက်ရှိလာတာကြောင့် လယ်ကွက်အများစု ရေနစ်မြှုပ်နေပြီး ရိတ်သိမ်းထားတဲ့ စပါးတွေလည်း ရေထဲ မျှေပါသွားတာ ရှိတယ်လို့ ဆိုပါတယ်။

ရေကြီးမှုကြောင့် ဆုံးရှုံးမှုပမာဏကိုတော့ သီးခြားအတည်မပြုနိုင်သေးဘဲ လက်ရှိမှာတော့ လမ်းမပေါ်မှာ သွားလာလို့ မရသေးပေ။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။