ဓာတ်ပုံ- Google (ပုံဟောင်း)

မိုင်းပန်ပျော်၊ ဇွန်လ ၂ ရက်၊ လားရှိုး

တရုတ်အကူအညီနဲ့ ရှမ်းမြောက် လားရှိုးမြို့ကို ပြန်လည် ထိန်းချုပ်ခွင့် ရခဲ့တဲ့ စစ်ကောင်စီဟာ လားရှိုးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို ပြန်လည် ဖွင့်လှစ်တော့မယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြန်မာ့စီးပွားရေးဘဏ်ကို မနက်ဖြန် ဇွန်လ ၃ ရက် မနက်ပိုင်း ၉ နာရီကစပြီး လုပ်ငန်း စတင်လည်ပတ်သွားမယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဟုတ်တယ် မြန်မာ့စီးပွားရေးဘဏ် ပြန်ဖွင့်ပြီ။ ခုဏက အဲဘက်သွားတာ ပြန်ဖွင့်တာ တွေ့လိုက်တယ်”

ဘဏ်မှာ ဌာနဆိုင်ရာတွေရဲ့ လစာနဲ့ငွေကြေးဆိုင်ရာကိစ္စအပြင် ပင်စင်လစာ၊ လူထုတွေရဲ့ ငွေစုငွေလွှဲ ငွေထုတ်တွေကို ပြန်လည်ပြီး ဝန်ဆောင်မှု ပေးသွားမယ်လို့ လားရှိုးဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီဟာ လားရှိုးမြို့ထဲ ဝင်ရောက်လာတာ ၁ လကျော် ကြာပြီးနောက် စည်ပင်၊ လဝက၊ လေဆိပ် ပြန်ဖွင့်ဖို့နဲ့ စာသင်ကျောင်း ပြန်လည် ဖွင့်လှစ်တာတွေ လုပ်ဆောင်နေပေမဲ့ မကြာခဏ ဖြစ်ပွားနေတဲ့ ခိုးဆိုးလုယက်တဲ့ကိစ္စ‌ကိုတော့ လုပ်ဆောင်ပေးနိုင်တာ မရှိသေးပါဘူး။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။