ဓာတ်ပုံ- Google

ပို့လဘား၊ မတ်လ ၂၅ ရက်၊ မူဆယ်

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ စက်သုံးဆီကို စာအုပ်နဲ့ ဝယ်ယူခွင့် စတင်နေပြီး တစ်ပတ်မှာ ၂ ရက်သာ ဝယ်ယူနေရတယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ မတ်လ ၂၄ ရက်ကစပြီး မူဆယ်မြို့ထဲက လိုင်စင်ရှိတဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ် မောင်းနှင်သူတွေဟာ စစ်ကောင်စီ ထုတ်ပေးတဲ့ စက်သုံးဆီ ဝယ်ယူခွင့်စာအုပ်နဲ့ ဝယ်ယူကြရသလို ပန့်ဆီဆိုင်‌မှာလည်း အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ပြောပါတယ်။

“မနေ့မှ ဆီဆိုင်တွေက ဆီ စပေးတာ။ စာအုပ်ရှိတဲ့သူတွေဆို တစ်လီတာ ၅,၅၀၀ ရောင်းတယ်။ စာအုပ် မရှိတဲ့သူဆိုရင် ဒီဇယ် တစ်လီတာကို ၇,၁ဝဝ။ ဓာတ်ဆီတော့ မပြောတတ်ဘူး။ အဲလောက်ပဲ ထင်တယ်။ စာအုပ်ကျတော့ ခရိုင်မှာ လုပ်ပေးတယ်ထင်တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက လျှောက်ထားတာ။ စာအုပ်လုပ်ရင်လည်း မူဆယ်လိုင်စင်‌တွေရှိမှ စာအုပ်လုပ်ပေးတာ။ ကားနဲ့ဆိုင်ကယ် အတူတူပဲ”

မူဆယ်မြို့ထဲက စက်သုံးဆီ ဝယ်ယူခွင့်စာအုပ်ရှိတဲ့ မော်တော်ယာဉ်တွေကို တစ်ပတ်မှာ ဓာတ်ဆီ ၂၂.၅ လီတာ‌ကိုသာ ရောင်းပေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်ကလည်း မူဆယ်မြို့ထဲက လမ်းဘေးမှာ ရောင်းနေကြတဲ့ ဓာတ်ဆီတွေကို စစ်ကောင်စီက ရောင်းခွင့်မပြုဘဲ လိုက်လံ သိမ်းဆည်း‌ခဲ့ဖူးပါတယ်။

မူဆယ်မြို့မှာရှိတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ နန်းတော်ပေါက်နဲ့ ဆင်ဖြူပေါက်ဂိတ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်ကစပြီး တရုတ်ဘက်က ကုန်ပစ္စည်း တင်းတင်းကြပ်ကြပ် စစ်ဆေးပြီး သယ်ယူခွင့် ပိတ်ပင်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။