ဓာတ်ပုံ- Google (နယ်စပ်ဂိတ်ကနေ ဝင်ရောက်ဖို့အတွက် တန်းစီစောင့်ဆိုင်းနေသူတွေ_ပုံဟောင်း)

ရွှေဖီမြေ၊ မတ်လ ၂ ရက်၊ မူဆယ်

မြန်မာ-တရုတ် နယ်စပ်ဂိတ် ဖြတ်ကျော်စာအုပ် လုပ်ဆောင်ပေးရာမှာ ငွေသိန်းချီ ကောက်ခံနေတာ မရှိကြောင်း မူဆယ် လဝကရုံးဘက်က ငြင်းဆိုပါတယ်။

ငွေသိန်းချီ တောင်းခံနေသူတွေဟာ ပွဲစားတွေသာဖြစ်ပြီး အခုလိုဖြစ်စဉ်မျိုး ကြုံတွေ့ရင် လဝကရုံးသို့ လာရောက်စုံစမ်းကြဖို့ မူဆယ် လဝကရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၎င်းက “Online များတွင် BP စာအုပ်အနီတစ်အုပ်အတွက် ငွေကြေး သိန်းဆယ်ချီ တောင်းခံလျက်ရှိပြီး အထက်အဆင့်ဆင့်သို့ လစဉ်ခွဲတမ်းအဖြစ် ခွဲဝေပေးလျက်ရှိကြောင်း ရေးသားလျက်ရှိသည်မှာ အမှန်တစ်ကယ် မြေပြင်တွင် ကာယကံမြောက် ပေးရကြောင်း သက်သေပြောဆိုနိုင်သူ မရှိကြောင်း မှန်ကန်မှု မရှိကြောင်း” ဆိုပြီး ရွှေဖီမြေသို့ ပြောဆိုလာပါတယ်။

မူဆယ်ခရိုင်ထဲ ပါဝင်တဲ့ မူဆယ်၊ နမ့်ခမ်းဒေသနေ လူထုတွေကိုသာ မြန်မာ-တရုတ် နိုင်ငံဖြတ်ကျော် ဝင်ထွက်ခွင့် တရားဝင် ထုတ်ပေးလျက်ရှိပြီး နှစ်နိုင်ငံ သဘောတူစာချုပ်အတိုင်း ကိုက်ညီသူတိုင်းကိုသာ စည်းကမ်းသတ်မှတ်ချက်နဲ့အညီ BP ထုတ်ပေးနေတယ်လို့ ပြောပါတယ်။

အခြားသောဒေသ ပြည်နယ်တိုင်းမှ လူထုတွေကိုမှု အရေးပေါ် ကျန်းမာရေး ဆေးကုသခြင်းနဲ့ အထောက်အထား ခိုင်လုံတဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ အစည်းအဝေး၊ အားကစား နှီးနှောဖလှယ်ခြင်း အစီအစဉ်အတွက် အရေးပေါ်သွားရောက်မယ့်သူတွေကို အကန့်အသတ်နဲ့ ထုတ်ပေးနေကြောင်း ၎င်းက ဆက်ပြောပါတယ်။

အယုံလွယ်သူ ဒေသခံတွေကို မသမာသူတချို့ ပွဲစားက ငွေကြေး မတန်တဆ တောင်းခံပြီး ကြားခံ လုပ်ဆောင်နေမှုကို စိစစ်ဆောင်ရွက်နေပြီး လဝကရုံးမှ တာဝန်ရှိသူ ဝန်ထမ်းတွေဟာ မတန်တဆ တောင်းခံနေကြောင်း ပြောဆိုမှုမှာ မှန်ကန်မှု မရှိကြောင်း၊ လဝက ဝန်ထမ်းတွေဟာ ငွေကြေး ပိုမို တောင်းခံပိုင်ခွင့် မရှိကြောင်းနဲ့ နယ်စပ်ဖြတ်ကျော် ဝင်ထွက်လိုသူအနေနဲ့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် လဝကရုံးသို့ ကိုယ်တိုင် လာရောက် စုံစမ်းနိုင်ကြောင်း ရွှေဖီမြေသို့ ပေးပို့လာတဲ့စာထဲ ရေးသားထားပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်က “မူဆယ်ခရိုင် လဝက ဝန်ထမ်းတွေက BP စာအုပ်တစ်အုပ်ကို သိန်း ၁၀၀ နဲ့ တရားမဝင် လုပ်ပေးနေပြီး ရလာတဲ့ငွေကို အထက်သို့ အဆင့်ဆင့် လာဘ်ထိုးထား”ဆိုတဲ့ သတင်းကို ရေးသားပြီးနောက် ရွှေဖီမြေသို့ အခုလို တုန့်ပြန်ပြောဆိုလာတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။