ဓာတ်ပုံ- CJ

နော်ဂျား၊ ဇူလိုင် ၂၂ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ်မြို့ပေါ်ရှိ ပြည့်တန်ဆာရုံတွေကို ပြီးခဲ့တဲ့ ဇွန်လဆန်းက သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းနဲ့ ခရိုင်၊ မြို့နယ်၊ မြို့မရဲတပ်ဖွဲ့က ခေါ်ယူသတိပေးမှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပြည့်တန်ဆာရုံအများစု ပိတ်သိမ်းခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်မှာ စခန်းမှူး ဒုရဲမှူး နေယုဆန်းအပါအဝင် ခရိုင်နဲ့မြို့နယ်မှ ရဲအရာရှိတွေက ပြည့်တန်ဆာ(ခေါင်းဆောင်)တွေနဲ့ ညှိနိူင်းမှုတချို့ ပြုလုပ်ပြီး ဇူလိုင် ၁၅ ရက်မှာ ပြည်တန်ဆာရုံသစ် ရုံဟောင်းအားလုံးကို ပြန်လည် ဖွင့်လှစ်ခွင့် ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ပြည့်တန်ဆာရုံတစ်ရုံရဲ့ ရုံအကြီးအသေးအလိုက် လစဉ်ကြေးကို ၂၅ သိန်းမှ သိန်း ၅၀ အထိ ထပ်မံ တိုးကောက်ခဲ့တာကြောင့် ရုံအသေး လစဉ်ကြေးဟာ ၄၅ သိန်းနဲ့ ရုံအကြီးရဲ့ လစဉ်ကြေးက သိန်း ၆၀ အထိ ဖြစ်သွားကြောင်း ကောင်းမူးတုန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ အိမ်အနီးရှိ ပြည့်တန်ဆာရုံပိုင်ရှင်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကားလေးဝန်းအနီး ရွှေဆင်မင်းအရှေ့လမ်းကြားရှိ တာမိုးညဲ ပြည်သူ့စစ်ခေါင်းဆောင် အိုက်မျိုးက တာဝန်ခံပြီး ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာရုံကနေ ထွက်ပြေးသွားတဲ့ မိန်းကလေးနှစ်ဦးလည်း ပွဲစားတွေရဲ့ ညှိနှိုင်းမှုနဲ့ ပြန်လည် ရောက်ရှိလာပြီး အလုပ် လုပ်ဖို့ ငြင်းဆိုရင် ရိုက်နှက်ခံရတာရှိကြောင်း သွားရောက် ပျော်ပါးသူတွေဆီက သိရပါတယ်။

“သမီးတို့က ဧည့်သည်ကို ကြိုက်ကြိုက် မကြိုက်ကြိုက် ဖော်ဖော်ရွေရွေ ဆက်ဆံနေရတာ။ အရမ်းယုတ်မာတဲ့သူတွေကိုလည်း ပြန်မပြောရဲဘူး။ ကလန်ကဆန် လုပ်မိရင် သမီးတို့(ခေါင်း)က ရိုက်တယ်။ လစာထဲကလည်း ငွေဖြတ်တယ်” လို့ စွမ်စောရပ်ကွက် (၁)လမ်းရှိ ပြည့်တန်ဆာရုံမှ မိန်းကလေးငယ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မြို့မရဲစခန်းမှူး ဒုရဲမှူး နေယုဆန်းက တာဝန်ယူ ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာရုံ ၁၈ ရုံကတော့ ပိတ်ရက်မရှိ ဖွင့်နေရတာကြောင့် ပြည့်တန်ဆာရုံပိုင်ရှင်အများစုနဲ့ ခေါင်းဆောင်တွေက စခန်းမှူးနဲ့ ပူးပေါင်းဖွင့်လှစ်ဖို့ ကမ်းလှမ်းမှုတချို့ ရှိနေကြောင်းလည်း ရဲသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။