ဓာတ်ပုံ – SPM

လွေးထွေး၊ ဖေဖော်ဝါရီ ၂ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ် မူဆယ်-၁၀၅ မိုင် ပြည်ထောင်စုလမ်းကို စစ်ကောင်စီတပ်က တရုတ်နှစ်သစ်ကူးကာလ ခဏတာ သွားလာခွင့်ပြုပြီး ပြန်ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီလမ်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးအပတ် တရုတ်နှစ်သစ်ကူးကာလမှာ ခဏတာ ဖြတ်သန်းခွင့်ပေးပြီး ပြန်ပိတ်လိုက်တာ ဖြစ်ပါတယ်။

၁၀၅ မိုင်ဒေသခံ ကားသမားတစ်ဦးက “အဲလမ်းကိစ္စက မပြောတတ်တော့ဘူး။ ဟိုနေ့ ကျနော်သွားတာ အသွား‌ရော အပြန်ရော ရတယ်။ နောက်တစ်ရက် အိမ်က ကလေးတွေ ပြန်သွားတယ် ဖြတ်မရတော့ဘူးတဲ့။ ဒီမနက် ပြန်ကြည့်တော့ အဲဘက်ကလာတဲ့လူတွေ ပြန်ရှိတယ်” လို့ ပြောပါတယ်။

စစ်တပ်ဟာ ဂိတ်ကို မနက်ပိုင်းသာ ပေးဖြတ်ပြီး ညနေပိုင်းမှာတော့ ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့လည်း မူဆယ် တောင်ရပ်ကွက်နေ အမျိုးသမီးက ပြောပါတယ်။

“၂၈ ရက်က ဖွင့်တယ်ပေါ့။ အဲနေ့ကစပြီး ညနေပိုင်းဆို ပိတ်တာဘဲ။ လူတွေ အများကြီး ပြန်လှည့်နေရတယ်။ သူတို့က ပိတ်လိုက် ဖွင့်လိုက်ပါဘဲ။ မမှန်ဘူး။ တချို့လူတွေက ပိုက်ဆံ ပေးရင်တော့ သွားရတယ် ပြောတယ်”

၎င်းလမ်းကို စစ်တပ်က ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကတည်းက စတင်ပိတ်ထားတာဖြစ်ပြီး မူဆယ်မြို့ထဲမှာတော့ စစ်တပ်က ခံစစ်အနေနဲ့ ပြင်ဆင်ထားသလို မူဆယ်မြို့နဲ့ ၁၅ မိနစ်သာ ဝေးတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကိုတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။