ဓာတ်ပုံ – LR

မိုင်းရူပ၊ အောက်တိုဘာ ၁၂ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မဲဆန္ဒရှင်တွေကို မဲစာရင်းလာကြည့်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြောနေပေမယ့် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် လူထုအများစု စိတ်မဝင်စားကြဘူးလို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီ ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ မဲဆန္ဒရှင်စာရင်းတွေကို ရပ်ကွက်ရုံးတွေမှာ ကပ်ထားပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေလောက်သာ မဲစာရင်း လာကြည့်ကြတယ်လို့ ဆိုပါတယ်။

“ရပ်ကွက်ထဲမှာ သွားကြည့်တဲ့သူက နည်းတယ်။ စိတ်ဝင်စားတဲ့သူက မရှိကြပါဘူး။ ဌာနရာဆိုင်ရာ ဝန်ထမ်းတွေကတော့ သွားကြည့်ကြတာပေါ့။ ပြီးတော့ ထွေအုပ်က ဓာတ်ပုံလာရိုက်ကြတယ်” လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောက်ထပ် လားရှိုးဒေသခံ အမျိုးသားတစ်ဦးကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိဘဲ မဲစာရင်းကိုလည်း သွားရောက်ကြည့်ခဲ့တာ မရှိဘူးလို့ ရွှေဖီမြေကို ပြောပါတယ်။

“ရပ်ကွက်ရုံးမှာ ကပ်ထားတာ ပြောတယ်။ သွားမကြည့်ဖြစ်ဘူး။ အားလုံးက ကိုယ်အလုပ်နဲ့ ကိုယ်ပဲ” လို့ ဆိုပါတယ်။

ဒါ့အပြင် လားရှိုးမှာ ဝင်ပြိုင်မယ့် ပါတီတွေကို လက်ရှိအချိန်အထိ လူထုအများစုက မသိကြဘူးလို့လည်း မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၁) မှာ မဲဆန္ဒရှင်တွေရဲ့ စာရင်းကို စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်တွေမှာ ကပ်ထားမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ မဲစာရင်း မှားယွင်းမှုရှိနေတယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့ နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေက ထုတ်ပြောခဲ့ပြီးနောက် မဲစာရင်းကပ်တဲ့ရက်ကို အောက်တိုဘာ ၂၀ ရက်အထိ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ရက်တိုးထားပါတယ်။

ရွေးကောက်ပွဲ ပထမအပိုင်းကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ်ပေါင်း ၁၀၂ မြို့မှာ စတင်ပြုလုပ်မှာဖြစ်ပြီး အပိုင်း ၃ ပိုင်းနဲ့ ကျင်းပသွားမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက် မူဆယ်၊ နောင်ချိုနဲ့ လားရှိုးမြို့တွေကို ရွေးကောက်ပွဲ ပထမအပိုင်း ကျင်းပမယ့် နယ်မြေတွေထဲမှာ စစ်ကောင်စီက ထည့်သွင်းထားတာ တွေ့ရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။