ဓာတ်ပုံ – TNLA

ပို့လဘား၊ ဇန်နဝါရီ ၂၇ ရက်၊ နောင်ချို

ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေရဲ့ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တအာင်းတပ်မတော်- PSLF/TNLA က မနေ့ ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မနေ့ညနေ ၅ နာရီမှာ စစ်တပ်က အုမ္မသီးရွာမှာရှိတဲ့ ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၂၉ ရက်နဲ့ ၂၀၂၅ ဇန်နဝါရီ ၁၉ ရက်ကလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒေသခံတစ်ဦးက “သူတို့ မူးလာရင် အိမ်တွေကို လိုက်မီးရှို့နေတာ။ ယူလို့ရတဲ့ ပစ္စည်းတွေလည်း ယူသွားတာ‌ေပါ့။ အိမ်နှစ်ဆယ်ကျော် သူတို့ ရှို့တာ။ နှစ်ရက်ခြားတစ်ခါ လာရှို့နေသလို ဖြစ်နေတာ” လို့ ပြောပါတယ်။

စစ်တပ်ဟာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ အရပ်သားကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လူထုအနေနဲ့ ဗုံံးကြဲတိုက်ခိုက်မှု ရှောင်ရှားနိုင်ဖို့၊ စစ်ရေးသတိ အမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ဖို့၊ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ TNLA က သတိပေး ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်ကလည်း နောင်ချိုမြို့ ရဲစခန်းနဲ့ ပါရမီ လက်ဖက်ရည်ဆိုင်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၈ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။