ပုံစာ- မြန်မာ-တရုတ်နယ်စပ်မြို့ မူဆယ်မြို့တွင်းတစ်နေရာ

အယ်လ်နော်အောင်၊ မတ်လ ၂၉ ရက်၊ မူဆယ်

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းကို တရုတ်နိုင်ငံသား ၁ ထောင်ကျော်က ဆက်လက် လုပ်ကိုင်နေပါတယ်။

မူဆယ်မြို့ရှိ ကျားဖြန့်ရုံကို ပြည်သူ့စစ်ဘက်မှ ထိပ်တန်းပုဂ္ဂိုလ်က အဓိက လုပ်ကိုင်တာဖြစ်ပြီး လောင်းကစားဝိုင်းနဲ့ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေတာတွေလည်း ရှိတယ်လို့ ကျားဖြန့်ရုံကနေ လွတ်မြောက်လာတဲ့ မအိမွန်ဆိုသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တရုတ်စာ တရုတ်စကားတတ်တော့ ဖုန်းပဲ သုံးရတယ်။ လစာတော့ တရုတ်ငွေ တစ်လကို ၂ သောင်း (ကျပ်သိန်း ၁၂ဝ ကျော်) ရမယ်တဲ့။ မကောင်းတဲ့အလုပ်လည်း မဟုတ်ဘူးဆိုတော့ သူငယ်ချင်း ၄ ယောက်စုပြီး သွားလုပ်ကြတာ။ လစာကတော့ ၂ သောင်း တစ်ကယ်ရတယ်။ ရောက်တဲ့နေ့မှာပဲ သမီးတို့ ဖုန်းတွေကို သိမ်းသွားတယ်။ သူတို့ပေးတဲ့ ဖုန်းနဲ့ အလုပ် လုပ်ရတာ။ သူငယ်ချင်းက သူ့အိမ်နဲ့ ဖုန်းဆက်တာ မိသွားတော့ ရိုက်ခံရတယ် လစာ ဖြတ်တယ်။ သမီးတို့ အားရင် တိုက်ထဲဘဲ နေရတာ ဘယ်မှမသွားရဘူး။ အပေါ်ဆုံးထပ်မှာ မူးယစ်ဆေး ချက်တာတဲ့”

မူဆယ်မြို့မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား ၅ သောင်းနီးပါးလည်း ပါဝင်လုပ်ကိုင်နေကြတယ်လို့ မူဆယ်မြို့မရဲစခန်းရှိ ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့မှာရှိတဲ့ ရဲဝန်ထမ်းရဲ့ တစ်လ ဝင်ငွေဟာ သိန်းထောင်ချီ ရတဲ့သူ ရှိသလို လစာရတဲ့ ဝန်ထမ်းက ပိုများ‌နေတာ‌ကြောင့် အချင်းချင်း တိုင်ကြားခဲ့တာ ရှိတယ်လို့ မြို့မရဲစခန်းရှိ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ကျားဖြန့် ပြည့်တန်ဆာ လောင်းကစားနဲ့ မူးယစ်ဆေး လုပ်တဲ့သူတွေက မြို့နယ်မှူး စခန်းမှူး ဒန SB နဲ့ CID လောက်သာ လိုင်းကြေး ပေးကြတာ။ ကျနော်တို့က ဘာမှမရဘူးလေ။ အပြောခံရရင် ရဲတွေဆိုပြီး ပြောကြတာ”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း အကျင့်ပျက်‌နေတဲ့ ဝန်ထမ်းတွေကို မူဆယ်ရှိ ရဲဝန်ထမ်းတွေက အရေးယူပေးဖို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးဆီ စုပေါင်းတိုင်ကြားခဲ့ပေမဲ့ အရေးယူတာ မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။