ဓာတ်ပုံ – TNLA

မိုင်းဖိူမ်းဆငဲ၊ အောက်တိုဘာ ၁၁ ရက်၊ ကျောက်မဲ

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲခရိုင် မိုင်းလုံမြို့အထက်ရှိ မန်ဟုန်းကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသူထဲက ၃ ဦး ထပ်မံသေဆုံးသွားတာကြောင့် သေဆုံးသူ စုစုပေါင်း ၁၃ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

မြေပြင်သတင်းရင်းမြစ်တစ်ဦးက “အခု ရွာထဲမှာ ဘယ်သူမှ ပြန်မအိပ်ရဲသေးဘူး။ ဘာလို့လဲဆို သေတဲ့သူ ၁၃ လောင်းပြန်ဖြစ်သွားတာ။ ဒဏ်ရာရတဲ့သူတွေထဲက အကုန်လုံး​​သေသွားတယ်” လို့ ဆိုပါတယ်။

မန်ဟုန်းကျေးရွာကို ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့လယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၁၀ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

မနေ့ အောက်တိုဘာ ၁၀ ရက်မှာတော့ သေဆုံးသွားသူတွေထဲမှာ ကလေး ၃ ဦး၊ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၅ ဦး စုစုပေါင်း ၁၃ဦးထိ ရှိလာတယ်လို့ TNLA က ထုတ်ပြန်ခဲ့ပါတယ်။

PSLF/TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အောက်တိုဘာ ၂ ရက်ကနေ ဒီနေ့ ၁၁ ရက်အထိ ၁၀ ရက်အတွင်းမှာပဲ ကလေး ၆ ဦးအပါအဝင် သေဆုံးသူ ၃၁ ဦး ရှိလာပြီ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။