ဓာတ်ပုံ- Local

ခိုင်လေး၊ ဧပြီ ၇ ရက်၊ လောက်ကိုင်

‎ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ဒေသဖြစ်တဲ့ လောက်ကိုင်မြို့မှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေ ပြန်လာဖွင့်ကြဖို့ MNDAA က ပြောဆိုထားတယ်လို့ လောက်ကိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎လောက်ကိုင်မှာ စီးပွားရေး လည်ပတ်မှု အရင်လို ပြန်မဖြစ်သေးတာကြောင့် ပိတ်ထားတဲ့ဆိုင်တွေ ပြန်လာဖွင့်ခိုင်းတာဟာ လူထုတွေအတွက် အခက်အခဲ ရှိစေတယ်လို့ ဆိုပါတယ်။

‎”ဘယ်နေ့က စပြောတာလဲဆိုတာတော့အတိအကျ မသိရဘူး။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဆိုင်ခန်း ရှိထားတဲ့လူဆိုရင်တော့ ဆိုင်ဖွင့်ထားခိုင်းတယ်။ ဆိုင်မဖွင့်ရင်တော့ သူတို့ကို တစ်လ ယွမ် နှစ်ထောင်၊ သုံးထောင် (ကျပ် ၁၈ သိန်းကျော်) ပေးရမယ်လို့တော့ ကြားတယ်။ အခုထိတော့ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို ချိတ်ပိတ်တာမျိုးတွေတော့ မတွေ့ရသေးဘူး။ အဲလိုပေးရမယ်လို့ ပြောပေမဲ့ အခုထိတော့ တစ်ကယ် မကောက်သေးဘူး။ ကြည့်ရတာ အဲစည်းကမ်းက အခုမှ ထုတ်ထားတာနေမှာ”

‎လောက်ကိုင်မြို့ထဲ စစ်ဖြစ်ပြီးနောက်ပိုင်း ဒေသခံတွေ အရင်လို စီးပွားရေး မကောင်းတော့တာကြောင့် ဆိုင်ပိုင်ရှင်တချို့က ဆိုင်ခန်းတွေကို ပစ်ထားပြီး တခြားဒေသသို့ ပြောင်းရွှေ့လုပ်ကိုင်ကြတာလို့ ဆိုပါတယ်။

‎မြို့ထဲ လူစည်ကားလာအောင် ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို ပြန်ဖွင့်ခိုင်းတာလည်း ဖြစ်နိုင်တယ်လို့ နောက်ထပ် လောက်ကိုင်မြို့ခံ အမျိုးသမီးက ပြောပါတယ်။

‎”သူတို့က မြို့တွင်း ပြန်လည် ထူထောင်ရေးတွေ ‎လုပ်နေတာ။ အရင်လို စီးပွားရေးတွေပြန်လည်ပတ်ဖို့ တစ်ခုပြီးတစ်ခု ပြန်လည်မွမ်းမံနေတာပေါ့။ အဲမှာ စားသောက်ဆိုင်တွေ၊ Bar တွေတော့ ပြန်ဖွင့်လာတာ တွေ့တယ်။ လောက်ကိုင်မှာ အလုပ် လာလုပ်တဲ့သူတွေလည်း အရင်ကထက် လစာတော့ တိုးလာတယ်လို့ ပြောကြတယ်”

‎လောက်ကိုင်မြို့ကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်း လုပ်ဆောင်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။