ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ ဧပြီ ၁၀ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့နယ်ထဲမှာ ပြန်ပေးဆွဲ၊ ငွေညှစ်၊ လုယက်တာနဲ့ လူသတ်မှု ကျူးလွန်သူ လူငယ် ၅ ဦးကို ကိုးကန့်တပ် MNDAA က အများပြည်သူရှေ့ သေဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဒီနေ့ ဧပြီ ၁၀ ရက် လားရှိုးမြို့ မန်ဆူကျောင်းနောက်ရှိ ကိုးကန့်ပါတီရုံးမှာ အမိန့်ချခဲ့တာဖြစ်ပြီး ပြစ်ဒဏ်ပေးခံရတဲ့အထဲမှာ လူသတ်မှု၊ ဓားပြတိုက်၊ မုဒိမ်းမှုနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

၎င်းသေဒဏ်ပေးခံရသူ ၅ ဦးကို လေ‌ယာဉ်ကွင်းသွားတဲ့လမ်းက ဟိုပိတ်ဘက်မှာ သေနတ်နဲ့ ပစ်သတ်စီရင်လိုက်ပြီလို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူတို့က အဲဒီပြစ်မှုလုပ်ထားတဲ့ လူတွေကို သတ်မယ်ပြောတယ်။ လေယာဉ်ကွင်းအကျော် အဝေးကြီးဘဲ။ ဟိုဘက်မှာ ကျမတို့ လမ်းလျှောက်ရသေးတယ်။ စောင့်နေတဲ့ ကိုးကန့်တပ် ဝင်ကြည့်ချင်ရင် ဝင်လို့ရတယ်တဲ့ အဲဒါနဲ့ ကျမတို့လည်း ဝင်သွားတယ်။ လူတွေအများကြီးဘဲ။ ကျမနေတဲ့နေရာနဲ့ အလှမ်းဝေးတော့ သိပ်မမြင်ရဘူး။ ပစ်ပြီးမှ ကျမတို့ သွားကြည့်တာ။ အဲဒီ ၅ ယောက်က ဘာပြစ်မှုနဲ့လည်း မသိရဘူး” လို့ ပြောပါတယ်။

ပြစ်ဒဏ်ပေးခံရတဲ့သူ ၈ ဦးထဲမှာမှ ၅ ဦးက သေဒဏ်ပေးခံခဲ့ရပြီး ၃ ဦးက ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရမှာ ဖြစ်တယ်လို့ နောက်ထပ် လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လားရှိုးမြို့ကို ကိုးကန့်တပ်ထိန်းချုပ်ပြီးနောက် လားရှိုးမြို့ပေါ် လူမြင်ကွင်းရှေ့မှာ ပြစ်မှုကျူးလွန်သူတွေကို ပထမဆုံးအချိန် စီရင်ချက်ချတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလထဲမှာလည်း လားရှိုးမြို့နယ်ထဲမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု ကျူးလွန်သူ ၄ ဦးကို ကိုးကန့်တပ်က သေဒဏ်ချမှတ်ခဲ့ဖူးပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ကိုးကန့်တပ်ရဲ့ သေဒဏ်ပေးမှုအပေါ် သေဒဏ်ဟာ လူမဆန်တဲ့ ယုတ်ညံ့တဲ့ပြစ်မှုဖြစ်ကြောင်း ကန့်ကွက်ရှုတ်ချကြပါတယ်။

လားရှိုးမြို့ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်ဟာ ဧပြီ ၂၁ ရက်နောက်ဆုံးထားကာ လားရှိုးမြို့ကနေ ထွက်ခွာရမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဝင်ရောက်လည်ပတ်မှာ ဖြစ်ကြောင်း သတင်းတွေ ထွက်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။