မိုင်းပန်ပျော်၊ မတ်လ ၂၉ ရက်၊ လားရှိုး

တစ်နိုင်ငံလုံး ငလျင်ဘေးဒဏ် ခံနေရချိန်မှာ လူသားချင်း စာနာထောက်ထားမှုထားပြီး လားရှိုးမြို့မှာ ကျင်းပမယ့် သင်္ကြန်ပွဲတော်နဲ့ တခြားပျော်ပွဲရွှင်ပွဲတွေ မကျင်းပဖို့ ကိုးကန့်တပ်မတော်- MNDAA က ဒီနေ့ တရားဝင်စာ ထုတ်ပြန်လာပါတယ်။

မြန်မာနိုင်ငံအတွင်း အခုလို ငလျင်ဒဏ်ကို ခံစားနေရချိန်မှာ ပျော်ပွဲရွှင်ပွဲလုပ်ဖို့ မသင့်တော်တာကြောင့် အထူးဒေသ ၁ အတွင်း ဘယ်ပွဲမဆို မကျင်းပဖို့ စာထုတ်ပြန်တာ ဖြစ်တယ်လို့ လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဒီငလျင်ဒဏ်ကြောင့် တစ်ဖက်ပြည်သူတွေက ခံစားနေရတဲ့အချိန်မှာ ကျနော်တို့ ဒီပျော်ပွဲရွှင်ပွဲတွေ လုပ်တာမျိုး မသင့်တော်ဘူးလေ။ အဲဒါကြောင့် သင်္ကြန်ပွဲတင် မဟုတ်ပဲနဲ့ ဒီအထူးဒေသ ၁ အတွင်းမှာ ဘာပျော်ပွဲရွှင်ပွဲမှ မလုပ်ဖို့ အပေါ်ကနေ စာထုတ်တာပါ”

ငလျင်ဒဏ် ခံနေရတဲ့ ဒေသတွေကို ငွေကြေးနဲ့ ပစ္စည်းတွေ လှူဒါန်းနိုင်ဖို့ အထူးဒေသ ၁ အတွင်းမှာရှိ မြို့နဲ့ခရိုင်ဘက်က အဓိက ခေါင်းဆောင်တစ်ဦး ခန့်အပ်ပြီး သဘာဝဘေး ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒေသခံ အရပ်ဘက်တပ်ဖွဲ့နဲ့ ကူညီထောက်ပံ့ပေးဖို့ ငလျင်ဒဏ် ခံနေရတဲ့ဒေသကို သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းနဲ့ အကောင်အထည်ဖော်ဖို့ ငလျင်ဒဏ်သင့်ဒေသတွေကို သွားရောက် ကူညီပေးဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် MNDAA ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းမှာရှိတဲ့ ဆေးရုံတွေမှာ ငလျင်ဒဏ် ခံနေရတဲ့ဒေသကနေ လာရောက် ဆေးကုသနိုင်ဖို့ အထူးပြင်ဆင်ထားပြီး အခမဲ့ ကုသပေးမှာ ဖြစ်ပါတယ်။

ငလျင်ဒဏ် ခံရတဲ့ ဒေသကနေ လာရောက်တဲ့ ငလျင်ဘေးသင့်သူတွေကိုလည်း နေထိုင်စားသောက်ရေး အဆင်ပြေဖို့အတွက် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အထူးဒေသအတွင်းမှာရှိနေတဲ့ လူထုနဲ့အတူငလျင်ဒဏ် ခံနေရတဲ့ ဒေသကို ငွေကြေးအဝတ်အထည် အသုံးအဆောင်တွေကိုလည်း လှူဒါန်းနိုင်ဖို့ ဆောင်ရွက်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်နိုင်ဖို့ ဆောင်ရွက်တာ ရှိတယ်လို့ ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားပါတယ်။

လက်ရှိကာလအတွင်း စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေကြရတဲ့အပြင် အခုလို သဘာဝကပ်ဘေးကြောင့် လူထုတွေရဲ့ ပျက်စီးဆုံးရှုံးမှု သေဆုံးမှုအပေါ် အထူးဒေသမှာရှိတဲ့ အစိုးရအဖွဲ့နဲ့ လူထုတွေက ကြေကွဲဝမ်းနည်းရပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုနဲ့ လိုအပ်တဲ့ အကူအညီတွေကို ပေးအပ်ဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ချက်ထဲ ဆက်လက် ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။