လွေးဇွန်မိုး၊ မတ်လ ၂၈ ရက်၊ လားရှိုး

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ တခြားဒေသက ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူထုတွေအနေနဲ့ ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုး ပြည်သူ့ဆေးရုံမှာ အခမဲ့ လာကုနိုင်​တယ်လို့ လားရှိုးပြန်လည်ထူထောင်ရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အခုဒီအထူးဒေသ(၁) ကျန်းမာရေးဌာနကနေပြီးတော့ မန္တလေးတို့လို ငလျင်ဒဏ်ကြောင့် အပြင်းအထန် ခံစားရတဲ့ လူနာတွေကို ဒီလားရှိုးမှာ လာကုမယ်ဆိုရင် အခမဲ့ လာကုနိုင်တဲ့အကြောင်းပေါ့နော်။ အောက်ဘက် (အောက်ပြည်)ကလူတွေ အဓိက သိစေချင်တာပေါ့နော်။ လူနာအတွက် လိုအပ်တာတွေ ပြင်ဆင်ထားပေးတယ်ဗျ။ ကုသစရိတ်ကလည်း အခမဲ့ပါ”

ငလျင်ဒဏ်သင့်ဒေသက လူနာတွေကို ကူညီကယ်ဆယ်ဖို့ MNDAA ရဲ့ ကျန်းမာရေးဌာန၊ အခြားသက်ဆိုင်ရာဌာနနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက လူအင်အား၊ ဆေးပစ္စည်းနဲ့ သယ်သူပို့ဆောင်ရေးယာဉ်ကိုလည်း အဆင်သင့် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဒီနေ့ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ်မှာ မန္တလေးမြို့ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာကို ဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။

မန္တလေးမြို့မှာ လက်ရှိအချိန်ထိ နောက်ဆက်တွဲ ငလျင်ငယ် ဆက်လှုပ်နေတာကြောင့် မြို့ခံတွေက လမ်းမကြီးဘေးမှာ ထွက်အိပ်နေရတယ်လို့ ဒေသတွင်း သတင်းဌာနတွေမှာ ဖော်ပြချက်အရ သိရပါတယ်။

ငလျင်ကြောင့် နိုင်ငံတစ်ဝှမ်းက အထပ်မြင့်အဆောက်အုံ၊ ဘာသာရေးကျောင်းနဲ့ သမိုင်းဝင် အဆောက်အအုံတချို့ ​ပြုကျတာတွေရှိသလို လူထု ထိခိုက်သေဆုံးတာနဲ့ ဒဏ်ရာရသူ များနေပြီး အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။