ဓာတ်ပုံ – Local

ယာရူစိင်၊ မေလ ၁၀ ရက်၊ လားရှိုး

ပြီးခဲ့တဲ့ ဧပြီလကုန်က ကိုးကန့်တပ်မတော် – MNDAA နဲ့ ရှမ်းတပ်မတော် – SSPP တို့အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွါးကိစ္စ ဆေးနွေးမှု မအောင်မြင်လို့ နှစ်ဖက်လုံးက အထိုင်ချတပ်စခန်းဂိတ်တွေမှာ လူအင်အားထပ်ဖြည့်ထားနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဆွေးနွေးပွဲအပြီး ၁၀ ရက်အကြာမှာ ကိုးကန့်တပ်ဘက်က ၎င်းတို့အထိုင်ချတပ်စခန်းတွေမှာ လူအင်အားထပ်ဖြည့်တာ၊ အသွားအလာ လှုပ်ရှားမှုလုပ်တာ‌တွေ တွေ့မြင်‌ရတယ်လို့ မြေပြင်အခြေအနေ သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အင်အားဘယ်‌လောက်ထပ်ဖြည့်ထားလဲ ဆိုတာတော့ အတိအကျ မပြောနိုင်ဘူးပေါ့။ တခါတလေ ရာဂဏန်းလဲ ဆယ်ဂဏန်းထိ ဖြစ်နိုင်တယ်ပေါ့။ အဲလို အခြေအနေထားမျိုးလောက်ဘဲ ပြောလို့ရတယ်ပေါ့နော်။ ဂိတ်တွေမှာ တစ်ချိန်လုံး လူအင်အားက အပြောင်းအလဲ ရှိနေတာဆိုတော့လေ”

သီပေါ နဲ့ လားရှိုးကြားမှာ SSPP ဂိတ် အနည်းဆုံး ၃ ဂိတ်ရှိပြီး အဲဒီဂိတ်‌တွေမှာလည်း SSPPဘက်ကလည်း လူအင်အားထပ်ဖြည့်ထားတာ ရှိနေကြောင်းကို နောက်ထပ် သတင်းအရင်းမြစ် တစ်ဦးက ပြောပါတယ်။

“လောလောဆယ် မြင်ရသလောက်တော့ အဲမှာ အသွားအလာတင်းကြပ်ထားတာတော့ မရှိဘူးပေါ့။ လူအင်အားထပ်ဖြည့်တယ်ဆိုတာက နှစ်ဖက်ကြားမှာ အဆင်မပြေတာတွေ ရှိနေလို့ အင်အားဖြည့်တာ ဖြစ်နိုင်တယ်ပေါ့နော်။ SSPP က တအာင်းတပ်နယ်မြေထဲထိ အခွင့်ကောင်းယူပြီး အင်အားတိုးဝင်တာတွေလည်း ရှိ‌တယ်ပေါ့နော်။ နှစ်ဖက်လုံးရဲ့ ပြင်ဆင်မှုဖြစ်မယ်ပေါ့နော်။ နှစ်ဖက်လုံးကိုလည်း ဘယ်သူက ရန်သူလဲ ဘယ်သူက မိတ်ဆွေဖြစ်မယ်ဆိုတာတော့ အတည်ပြုဖို့ ခက်ခဲတဲ့ ကာလဖြစ်တယ်ပေါ့”လို့ ဆက်ပြောပါတယ်။

နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး “ဝ”တပ်ဖွဲ့ – UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့မှာ MNDAAနဲ့ SSPPတို့ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာဘဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ သီပေါ လားရှိုးကြားရှိ နမ့်မ၊ ဟန်နားရွာမှာ MNDAA နဲ့ SSPP ထိတွေ့မှု ၈ နေရာ၊ နှစ်ဖက်ထိုးကြိတ်မှု ၂၄ နေရာအထိ ရှိခဲ့ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ ရခဲ့ကြသလို ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အကြား နယ်မြေအငြင်းပွားမှု မကြာခဏ ဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။