မိုင်းဖိူမ်းဆငဲ၊ အောက်တိုဘာ ၂၄ ရက်၊ ကျောက်မဲ
ကျောက်မဲမြို့နယ်ထဲက ကောပေါင်ကျေးရွာထဲက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသွားခဲ့ပြီး ကိုရင် ၇ပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၄ ရက် ညနေပိုင်း ၄ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံးကြဲချတာဖြစ်တယ်လို့ သိရပါတယ်။
“လောလောဆယ် ဘုန်ကြီးတစ်ပါးပျံလွန်တော်မူသွားတာတော့ သိရတယ်”လို့ ဆိုပါတယ်။
အဲထဲမှာ အသက် ၄နှစ်အရွယ် ၁ ပါး၊ ၁၃နှစ် ၂ပါး၊ ၁၄နှစ်အရွယ် ၁ပါး၊ ၁၇နှစ် ၁ ပါး၊ ၁၈နှစ် ၁ပါးနဲ့ အသက် ၉၆နှစ် အရွယ် ၁ပါး စုစုပေါင်း ၇ပါးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြပါတယ်။
စစ်ကောင်စီတပ်ဟာ PSLF/TNLA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ၃ ပတ်အတွင်း သေဆုံးသူ ၄၈ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ ၆၁ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။