ဓာတ်ပုံ – CJ

ပို့လဘား၊ ဇွန်လ ၂၆ ရက်၊ နောင်ချို

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်မြေပြင်အခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇွန်လ ၂၅ ရက်မှာ စစ်ကောင်စီတပ်က ကံကြီးကျေးရွာကနေ နောင်ချိုမြို့ နယ်မြေ ၉ ဈေးရပ်ကွက်ဘက်မှာ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

“မနေ့ည သူတို့ပစ်လာတယ် ၅လုံး၊၆ လုံး။ ဒီမနက်လည်း ၆ လုံးလောက်သူတို့ပစ်လာတယ်။ ဈေးရပ် ကျောက်ဂူတောရကျောင်းရဲ့ ‌အနောက်ဘက်က အိမ်ဝန်းတစ်လုံးကျတယ်။ သူတို့ရဲ့ မီးဖိုချောင်မှာ ကျတယ်” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

နောင်ချိုမြို့ နောင်လင်၊ နောင်အော၊ လုံစံနဲ့ နောင်ဖောကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒရုန်းနဲ့ ၂၈ လုံး၊ လက်နက်ကြီး ၆၈ လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မနေ့ ဇွန်လ ၂၅ ရက်မှာ နောင်ချိုမြို့ နောင်လင်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး ၁၄ လုံး၊လက်နက်ကြီး ၅၄ လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်ဘက်က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

အလားတူ မနေ့ ဇွန်လ ၂၅ ရက် ည ၁၁ နာရီအချိန်မှာလည်း မိုးကုတ်မြို့ အရှေ့ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ပြီးခဲ့တဲ့ ဇွန်လ ၂၄ရက်ကလည်း ကျောက်မဲမြို့ပေါ်ကိုာလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၄ဦး သေဆုံးပြီး ၁၄ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။